ရသဘဏ်တိုက် ကဗျာ တိမ်တောင်တို့ ... ရဲ့ ပုံရိပ်ဟောင်း
တိမ်တောင်တို့ ... ရဲ့ ပုံရိပ်ဟောင်း Print E-mail
စိုးနေလင်း   
ဗုဒ္ဓဟူးနေ့၊ မတ်လ 19 2008 17:10 - မြန်မာစံတော်ချိန်

တိမ်တောင်တွေကို မယုံလိုက်ကြနဲ့Soe-nay-lin.jpg

သူတို့က

လေဖိအားရဲ့ အလိုကျ

လှုပ်ရှားကပြ ပေလိမ့်မယ်။

အလဲ တန်ဘိုးအရ

ပရောဂ ပူးဝင်တုံလှုပ်

ရေမြှပ်ပလုံစီ ပွက်ပွက်

ဟန်ချက်ပျက်ပြား စောင်းနင်း

မြင်းကောင်းတို့ ခွါလိပ်

အရိပ်မဲ့ အပူလှိုင်းထဲ

ပျဉ်းပျဉ်းတွဲတွဲ ပျော်ကျ။

 

လောက သဘာဝပဲလေ

အမြင်သွေလွဲခြင်း ပြင်းပြင်းကမှ

အဆွေခင်ပွန်း ဖြစ်လွယ်ခဲ့ကြ

ယဲ့ယဲ့ ကျောရိုးပေါ်မှာ

ယာလည်းညက် ကြက်လည်းပန်း

နှမ်းထွက်ကိုက်နေကြလေရဲ့။

 

နဂါးလှည့်ကို မျှော်ကိုးတွက်ချက်

ပက်ပက်စက်စက် ပြုံးနေလိုက်ပုံများ

နာဖျား

သေဆုံး

ပြုန်းတီးသွားတဲ့ သစ်ရွက်တွေက

လွမ်းတကြေကွဲ

ပြတ်လုတဲတဲ ကြိုးတချောင်းလို

အသက်အောင့်

ထောင့်ကျဉ်းတခုထဲမှာ။

 

များရာ လက္ခဏာတပ်

မြင့်မြတ်စွာ အမြတ်ထွက်ဖို့

နှစ်ချို့ဟန်ဆောင်ခြင်း ယဉ်ကျေးမှုက

အနယ်ကျ သောင်ထွန်းရင်း

မြစ်ကို ကျဉ်းမြောင်းစေခဲ့ပြီ။

 

သည်လိုနဲ့

သဲ့သဲ့ပျပျမျှသာ အသက်ရှူ

(အားလုံ:)

ပလူကောင်တွေ ဖြစ်သွားကြလေရဲ့ ။    ။

                                                                      စိုးနေလင်း

 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved