ရသဘဏ်တိုက် ကဗျာ အရိုင်းတေးသံ
အရိုင်းတေးသံ Print E-mail
မင်းသစ်တည်   
ဗုဒ္ဓဟူးနေ့၊ မေလ 21 2008 12:59 - မြန်မာစံတော်ချိန်

မသိကျိုးကျွံ ပြုခံထားရတဲ.

အုပ်ထိန်းသူမဲ့ ကလေးတယောက်ပါ   ။


သူ့ရင်ထဲက အိပ်မက်ဟာ

ငှက်တကောင် ဖြစ်ချင်လိမ့်မယ်   ။


သူ့ရင်ထဲက  မကျေမနပ်ခံစားချက်ဟာ

တူတချောင်းဖြစ်နေလိမ့်မယ်   ။


သူ့ရင်ထဲက  အတွေးအခေါ်ဟာ

ပန်းခင်းနဲ့ အစာရေစာဖြစ်တယ်   ။


သူ့ရင်ထဲက  အမှန်တရားဟာ

ငွေစက္ကူနဲ့  ဆဲဆိုသံတွေဖြစ်တယ်   ။


သူပြဌာန်းမယ်.  ဘ၀အဘိဓာန်ဟာ

တော်လှန်ခြင်းဆိုရင်  မမှားပေဘူး

သူသိတဲ့ကမ္ဘာဟာ…..ခုထက်ထိမလွတ်လပ်နိုင်သေးလို့ပဲ။     ။
 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved