![]() Contact: mizzima.news@gmail.com |
သူတို့စကား"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။" |



The Edge of Heaven ဇာတ်ကားကို ဂျာမန် ဒါရိုက်တာက ရိုက်ကူးထုတ်လုပ်၍ တူရကီ သရုပ်ဆောင်များက အဓိက သရုပ်ဆောင်ထားကြသည်။ ဂျာမန်-တူရကီ ပူးတွဲ ထုတ်လုပ်ထားသည့် ထိုဇာတ်ကားမှာ အချစ်၊ ရမ္မက်၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ပဋိပက္ခ၊ လူသားမဆန်မှုများကို တင်ဆက်ပြထားသည်။ ဥရောပသမဂ္ဂမှ ကျင်းပသည့် ဥရောပ ရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံး ဇာတ်ကားဆု ရရှိခဲ့ပြီး၊ ကိန်းစ်ရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံးဇာတ်ညွှန်းဆု ရရှိခဲ့သည်။
တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ တက္ကသိုလ် ကျောင်းသားများမှာ သူတို့အစိုးရ၏ ပညာရေးစနစ်နှင့် လူ့အခွင့်အရေး ကိစ္စများတွင် ကိုင်တွယ်ပုံကို သဘောမကျသဖြင့် ဆန္ဒပြ ကန့်ကွက်ကြသည်။ ထိုသို့ ဆန္ဒပြ ကန့်ကွက်ကြသည့် အထဲတွင် ရီတာ၏ သမီးဖြစ်သူ အေတန်လည်း ပါဝင်သည်။ ဆန္ဒပြ ကန့်ကွက်သည့် တက္ကသိုလ် ကျောင်းသားများကို ရဲက အင်အားသုံးဖြိုခွဲကာ လိုက်လံ ဖမ်းဆီးသောကြောင့် အေတန်နှင့် သူ၏ သူငယ်ချင်းမှာ ထွက်ပြေးရင်း သူ၏ မိုဘိုင်းဖုန်း ကျကျန်ခဲ့ရာ ရဲတို့က သိမ်းဆည်းရမိခဲ့သည်။ ထိုမိုဘိုင်းဖုန်းထဲတွင် ပါဝင်သော နာမည်များကို တူရကီ ထောက်လှမ်းရေးတို့က အယောင်ဆောင် ဆက်သွယ်သောကြောင့် သူ၏ သူငယ်ချင်းများမှာ အဖမ်းခံခဲ့ရသည်။ အေတန်ကမူ ထွက်ပြေး လွတ်မြောက်သွားခဲ့ပြီး၊ ဂျာမဏီနိုင်ငံသို့ ရောက်ရှိသွားခဲ့သည်။ 