![]() Contact: mizzima.news@gmail.com |
သူတို့စကား"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။" |



ဆာဂျီလူရှန်ကို၏ နာမည်ကျော် ဂမ္ဘီရဝတ္ထုဇာတ်လမ်းတွဲကြီး ဖြစ်သည့် Night Watch လေးအုပ်တွဲ (Tetralogy) မှာ သူ၏ အကောင်းဆုံး လက်ရာမွန်ဖြစ်သည်။ ထိုစာအုပ်သည် အမှောင်ဘက်တော်သားများ (Dark Others) နှင့် အလင်းဘက်တော်သားများ (Light Others) တို့၏ စစ်ပွဲများအကြောင်း ဖြစ်သည်။ ဆာဂျီလူရှန်ကို၏ ကျော်ကြားမှုကို နိုင်ငံတကာတွင်မူ Lord Of The Ring ဝတ္ထုများ၏ ဖန်တီးရှင် အမေရိကန် လျှို့ဝှက် စာရေးဆရာကြီး ဂျေအာအာတိုလ်ကီယန် (J.R.R Tolkien) နှင့် ခိုင်းနှိုင်းကြသည်။
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာ ကတည်းက အလင်းနဲ့အမှောင် စစ်သည်တော်တွေဟာ တရားမျှတမှုတံတားမှာ အချင်းဖြစ်ပွားခဲ့ပြီး သွေးချောင်းစီးခဲ့ကြသည်။ အလင်းဘက်တော်သားတွေရဲ့ သခင်ကြီးဂက်ဆာရဲ့ နှလုံးသားဟာ တောင့်မခံနိုင်တော့သည့်အတွက် စစ်ပွဲကို ရပ်တံ့ပစ်ခဲ့သည်။ သို့သော် … အမှောင်က နေ့ထက် ရှည်လျားလွန်းသည့် အခါတွင်မူ ကမ္ဘာကြီးသည် အမှောင်ထုထဲကို ကျရောက်သွားခဲ့ရသည်။ အလင်းဘက်တော်သားများ၏ မျှော်လင့်ချက် တရပ်ဖြစ်သော ကံကြမ္မာမြေဖြူခဲ (Chalk Of Fate) က အမှောင်ကမ္ဘာထဲကို ကျရောက်မသွားခဲ့ချေ။ ဝင်္ကပါကဲ့သို့ ကွေ့ကောက်ပြီး ပြန်လမ်းမရှိသည့် ခံတပ်ကြီးထဲတွင် ကံကြမ္မာမြေဖြူခဲကို အစောင့်အရှောက် များစွာဖြင့် ထိန်းသိမ်းထားခဲ့သည်မှာ စစ်ဘုရင်တိမူး မပေါ်ခင် အချိန်ထိပင် ဖြစ်သည်။ တိမူးဘုရင်က စစ်ဘုရင်များမှာ ကံကြမ္မာမြေဖြူခဲ ကို လိုက်ရှာရင်း ခံတပ်ထဲမှ ဝင်္ကပါထဲတွင် ပြန်လမ်း မရှိခဲ့ကြပေ။
ဆရာမဖြစ်သူ ရီဂိုဘာ အသတ်ခံလိုက်ရသည့် ကိစ္စတွင် အန်တွန်လက်ချက်ဟု နေ့စောင့်ကြည့်သူများက စွပ်စွဲကာ စုံစမ်းရေးအဖွဲ့အား ဖမ်းဆီးခိုင်းလေသည်။ တကယ်တွင်မူ အန်တွန်က ထိုအချိန်တွင် ညစောင့်ကြည့်သူ ဓါတ်ခွဲခန်းထဲ၌ သားဖြစ်သူ၏ ဦးထုပ်ကို သွားယူနေချိန် ဖြစ်သော်လည်း အလီဘိုင်မပြနိုင်ခဲ့ချေ။ အလင်း အင်အားစုများကို အသက်ထောင်ပေါင်းများစွာ ရှိနေပြီဖြစ်သည့် ဂက်ဆာက ဦးဆောင်သည်။ ဂက်ဆာကို လွန်ခဲ့သည့် နှစ်တထောင်ကျော်က တိဘက်တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး ဥရောပနှင့် အာရှတိုက်နိုင်ငံများတွင် လှည့်လည်အခြေချ နေထိုင်ပြီးဖြစ်သည်။ ဥရောပနှင့် အာရှတိုက်ရှိ ခေါင်းဆောင်များနှင့် ပညာရှင်အချို့မှာ သူ၏ တပည့်များ ဖြစ်သည်။ သူ့တွင် သာမန်လူတို့ မကြုံဖူးသေးသည့် တန်ခိုးကို ရထားသည်။ ဂက်ဆာက အန်တွန်ကို အမှောင် အင်အားစုများ၏ ရန်မှ ကာကွယ်နိုင်ရန် အော်(လ်)ဂို၏ ခန္ဓာကိုယ်နှင့် အန်တွန်၏ ခန္ဓာကိုယ်ကို ပြောင်းလဲပေးခဲ့သည်။