![]() Contact: mizzima.news@gmail.com |
သူတို့စကား"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။" |



ကမ္ဘာ့ပထမဦးဆုံး Batman ဇာတ်ကားကို Batman ဆိုသည့် နာမည်ဖြင့်ပင် ၁၉၈၉ ခုနှစ်တွင် ရုံတင်ပြသခဲ့သည်။ လင်းနို့လူသား (Batman) အဖြစ် မိုက်ကယ်ကီတန်က သရုပ်ဆောင်သည်။ လင်းနို့ လူသား၏ ရန်သူတော်ကြီး The Joker အဖြစ် Easy Riders ဇာတ်ကားမှ မင်းသားကြီး ဂျက်နီကိုယ်ဆန်က သရုပ်ဆောင်သည်။ မိုက်ကယ်ကီတန်နှင့် ဂျက်နီကိုဆန်တို့၏ ပြောင်မြောက်လှသည့် သရုပ်ဆောင်ချက်များကြောင့် ပထမဦးဆုံး Batman ဇာတ်ကားမှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့သည်။
Batman ၏ ရန်သူတော် Joker အဖြစ် ယခုနှစ်ဆန်းပိုင်းတွင် မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲမှုဖြင့် ကွယ်လွန်သွားရှာပြီ ဖြစ်သည့် ဟိတ်လယ်ဂျာက သရုပ်ဆောင်ထားသည်။
မြို့အနှံ့ ဗုံးပေါက်ကွဲမှုများ ဖြစ်နေသည့် အချိန်တွင် ဂျိုကာလည်း သူ့ကို စစ်ကြောမေးမြန်းရန် ထားရှိသည့် အခန်းတွင် ဟောင်ကောင် ဒုစရိုက်ထိပ်သီး လော်နှင့်အတူ လွတ်မြောက်သွားခဲ့သည်။ ဂေါက်သမ် မြို့တော် အုပ်ချုပ်ရေး အဖွဲ့ဝင်များကိုပါ ဖမ်းဆီး သတ်ဖြတ်နိုင်ခဲ့သည့် ဂျိုကာမှာ ပို၍ လက်ရဲဇက်ရဲ ဖြစ်လာပြီး ကိုယ်ကျင့်တရား မကောင်းသော အာဏာပိုင်အဖွဲ့နှင့် ပုဂ္ဂိုလ်များသည်လည်း တရားဥပဒေစိုးမိုးမှုကို လျစ်လျှူရှု၍ ဂျိုကာနှင့်ပေါင်းကာ ဒုစရိုက် လုပ်ငန်းများဖြင့် ချမ်းသာလာကြသည်။ နေ့အလင်းရောင် အောက်တွင်သာ တရားဥပဒေ စိုးမိုးမှုရှိသည့် ဂေါက်သမ် မြို့တော်သားတို့၏ ဘဝမှာ ညအသွင်မှ မြို့ပြ အကြမ်းဖက်သမား ဂျိုကာ၏ လုပ်ကြံသတ်ဖြတ်မှုများ အောက်သို့ ကျီးလန့်စာစား နေကြရသည်။ 