![]() Contact: mizzima.news@gmail.com |
သူတို့စကား"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။" |




အမေရိကန် မူးယစ်ရာဇာ ဖရန့်(စ်)လူးက(စ်)၏ ဘဝဇာတ်ကြောင်းကို Gladiator, Kingdom in Heaven, Black Hawkdown, A Good Year ဇာတ်ကားများကို ရိုက်ကူးခဲ့သည့် နာမည်ကျော် ဒါရိုက်တာ ရစ်ဒလေစကော့က American Gangster အမည်ဖြင့် ရုပ်ရှင်ကားတကား ဖန်တီးခဲ့သည်။ ထိုဇာတ်ကားတွင် အော်စကာဆုရ သရုပ်ဆောင်များ ဖြစ်သည့် ရပ်ဆဲ(လ်)ခရိုးနှင့် ဒန်ဇယ် ဝါရှင်တန်တို့က အဓိက သရုပ်ဆောင်ထားပြီး ဂျော့(ရှ်)ဘရိုလင်နှင့် ကျူးဘား ဂူဒင်ဂျူနီယာတို့လည်း ပါဝင် သရုပ်ဆောင်ထားသည်။ အရှေ့တောင်အာရှရှိ နာမည်ကျော်ဒေသဖြစ်သည့် ရွှေတြိဂံဒေသမှ ဘိန်းဖြူများကို အမေရိကန်နိုင်ငံတွင်းသို့ တရားမဝင် ခိုးဝှက်တင်သွင်းပြီး ဖြန့်ချိပုံကို ရိုက်ကူးတင်ဆက် ပြသထားခြင်း ဖြစ်သည်။ 