INLAY LAKE PART (2)

အင်းလေးကန်ဟာ ၂၀၁၀ နွေရာသီတုန်းက နှစ်ပေါင်း ၅၀ အတွင်း စံချိန်တင်ရေခန်းခြောက်မှုနဲ့ ကြုံတွေ့ခဲ့ဖူးပါတယ်။ အဲ့ဒီနောက်ပိုင်း မှာတော့ နွေရာသီသာမက မိုးရာသီ မှာပါ ရေခန်းခြောက်မှု
ပြဿနာတွေ ….….ကန်ထဲစီးဝင်တဲ့ရေတွေ နီနေတဲ့ ပြဿနာတွေ ….

ကန်ထဲကရေတွေ အဆိပ်သင့်တဲ့ ပြဿနာတွေ ….

ဒါတွေဟာ သိသာထင်ရှားတဲ့ပြဿနာ  တချို့သာဖြစ်ပါတယ်။

ဒီလို သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေတဲ့အဆင့်ကို ကျော်လွန်သွားပြီဖြစ်တဲ့ အင်းလေးကန်ကို ထိထိရောက်ရောက်နဲ့ အချိန်မီ ပြုပြင်ထိန်းသိမ်းမှုမလုပ်ဘူးဆိုရင်  နောက်ရာစုအတွင်းမှာ အင်းလေးကန်ဟာ ပျောက်ကွယ်သွားမယ်လို့ ပညာရှင်တွေက သတိပေးလိုက်ပါပြီ …။

ဒီအတွက် ဘယ်သူတွေမှာ တာဝန်ရှိသလဲ ဆိုတာ ရသများနဲ့ခရီးစဉ်အတွင်းမှာ မေးမြန်းရိုက်ကူးထားခဲ့ပါတယ်။