မယ်ဆိုင်ဂူအတွင်းမှာ ပိတ်မိနေတဲ့ ထိုင်းကလေးငယ်တွေရဲ့ အခြေအနေ

မယ်ဆိုင်ဂူအတွင်းမှာ ပိတ်မိနေတဲ့ ထိုင်းကလေးငယ်တွေကို ကယ်ထုတ်နိုင်ဖို့ ကူညီဆောင်ရွက်ပေးနေတဲ့သူတွေကို ထိုင်းအစိုးရက ထောက်ပံ့ပေးနေတာပါ။

ဒီစားသောက်ခန်းမှာ ဘယ်သူမဆို လာရောက်စားသောက်နိုင်တယ်လို့လည်း အဲ့ဒီနေရာကို ရောက်ရှိနေတဲ့ မဇ္ဈိမ သတင်းဌာနက သတင်းထောက် သူရက ဆိုပါတယ်။ ဒါအပြင် မြန်မာဘက်ခြမ်း တာချီလိတ်ကနေပြီး လာရောက်ကူညီထောက်ပံ့ပေးနေတာတွေလည်း ရှိနေပါတယ်။

ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ကလေးတွေ အပြင်ရောက်လာဖို့ ကြိုးစားနေတာကို တွေ့မြင်နေရပေမယ့် ထူးထူးခြားခြား မရှိသေးတာကို တွေ့မြင်နေရတယ်လို့ မဇ္ဈိမ သတင်းထောက်က ပေးပို့ထားပါတယ်။

ရိုက်ကူး-သူရ
တည်းဖြတ်-ဇေယျာမော်