ပြည့်တန်ဆာနှိပ်ကွပ်ရေးပုဒ်မဖြင့် စွဲဆိုထားသူ ၁၁ ဦးအမှု တရားလိုအပါအဝင် ရဲသက်သေ ၃ ဦး စတင်စစ်ဆေး

ရန်ကုန်၊ တောင်ဥက္ကလာမြို့နယ်တွင် လိုင်စင်မဲ့အလှပြင်ဆိုင်လုပ်ငန်းဗန်းပြပြီး ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်နေသည်ဟုဆိုကာ ဖမ်းဆီးထားသူ ၂၈ ဦးထဲမှ ပြည့်တန်ဆာခေါင်းပုဒ်မဖြင့် စွဲဆိုထားသူ ၁၁ ဦးအမှုအား တရားလိုအပါအဝင် ရဲသက်သေ ၃ ဦးအား စတင်စစ်ဆေးခဲ့သည်။

ပြည့်တန်ဆာခေါင်းပုဒ်မဖြင့် စွဲဆိုထားသူ ၁၁ ဦးအား ယနေ့ ဇူလိုင်လ ၄ ရက်နေ့၊ တောင်ဥက္ကလာပမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး တရားလို ရဲအုပ် တင့်လွင်ဦး အပါအဝင် ရဲသက်သေ ၃ ဦးကို စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/41073