မယ်လိမ့်လုံအမှုတွင် ဥပဒေအတိုင်းသာ ဆက်လက်ရင်ဆိုင်သွားမည်ဟု တရားလိုဖြစ်သူပြော

ဆိုင်ရှင်ဖြစ်သူက စားပွဲထိုးဝန်ထမ်းအမျိုးသားကို အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲထားသော မယ်လိမ့်လုံစားသောက်ဆိုင်ပိုင်ရှင်အမှုတွင် ဇွဲမလျော့ပဲ ဥပဒေအတိုင်းသာ ဆက်လက်ရင်ဆိုင်သွားမည်ဟု အဓမ္မပြုကျင့်ကြောင်း စွပ်စွဲထားသူဘက်မှ ပြောဆိုလိုက်သည်။

ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးအောင်မျိုးထွဋ်ကို တောင်ဥက္ကလာပမြို့နယ်တရားရုံးတွင် ဇွန်လ ၁၃ ရက်နေ့က ၆ ကြိမ်မြောက်ရုံးထုတ်စဉ် အဓမ္မပြုကျင့်ခံရသည်ဟု စွပ်စွဲထားသူက ပြောဆိုလိုက်ခြင်းဖြစ်သည်။

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/40501