NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

တပ်၏ အနာဂတ်အစီအစဉ်များ၊ လက်နက်ကိုင်များ၏ တိုက်ပွဲစီမံချက်များ လက်ရှိချိန်ထိ တစ်ခုမှပါရှိခြင်းမရှိဟု ရိုက်တာသတင်းထောက်နှစ်ဦး၏ ရှေ့နေပြော

နိုင်ငံတော်လျှို့ဝှက်ချက်များဥပဒေဖြင့် ဖမ်းဆီးတရားစွဲတင်စစ်ဆေးနေသည့် ရိုက်တာသတင်းထောက်နှစ်ဦး အမှုနှင့်ပတ်သက်ပြီး လက်ရှိချိန်ထိ တင်သွင်းထားသော သက်သေခံများတွင် တပ်မတော်၏ အနာဂတ် အစီအစဉ်များ၊ လက်နက်ကိုင်များ၏ တိုက်ပွဲစီမံချက်များ တစ်ခုမှ ပါရှိခြင်းမရှိသေးကြောင်း ရိုက်တာသတင်း ထောက်နှစ်ဦးဘက်မှ ဆောင်ရွက်ပေးနေသူ ရှေ့နေက ပြောသည်။

“ နိုင်ငံတော် လျှို့ဝှက်ချက် မြောက်နေလားဆိုတော့ ဒီဟာတွေက တပ်ရဲ့အနာဂတ်အစီအစဉ်တစ်ခုမှ မပါဘူး။ လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ပွဲစီမံချက်တွေ တစ်ခုမှမပါဘူး။ ခုချိန်ထိ လုံးဝ ငြိစွန်းချက်မရှိဘူး။ အဲ့ဒီတော့ ရုံးမှာ တင်သွင်းထားတဲ့ စာရွက်စာတမ်းတွေ၊ ဖုန်းထဲကတွေ့ရှိတဲ့ စာရွက်စာတမ်းတွေကို ခုနက ပြောသလို တစ်ချို့ဆိုရင် ဖုန်းထဲက ထုတ်တဲ့ဟာတွေဆိုရင် လုံးဝ ပွင့်ပွင့်လင်းလင်းလုပ်နေတဲ့ ကိစ္စ။ ဒါကို ရုံးတော်မှာ ထိပ်တန်းလျှို့ဝှက်ချက်ပါ၊ လျှို့ဝှက်ချက်ပါလို့ တသွင်သွင်ပြောပြီးတော့ သက်သေခံသွင်းခဲ့တာ”ဟု သတင်း ထောက်နှစ်ဦးဘက်မှ ဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)