ဦးပိန်တံတားကို ဗိသုကာပညာရှင်တွေက စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်နေ

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာရှိတဲ့ ဦးပိန်တံတားက ကျွန်းတိုင်းလုံးတွေရဲ့ ခံနိုင်ရည်နဲ့ ပျက်ဆီးနေတဲ့ အခြေအနေတွေကို ဂျာမနီနိုင်ငံက ဗိသုကာပညာရှင်၊ သစ်သားပညာရှင်တွေနဲ့ မန္တလေး နည်းပညာ တက္ကသိုလ်က ဗိသုကာပညာရှင်တွေက စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ဒီလိုစမ်းသပ် စစ်ဆေးမှုတွေကို မတ်လ ၂၇ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး တွေ့ရှိချက်တွေကိုတော့ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြသွားမယ်လို့ သိရပါတယ်။ အပြည့်အစုံကိုတော့ Mizzima သတင်းထောက် အောင်ကိုဦးက မန္တလေးကနေ ရိုက်ကူး တင်ဆက်ပေးထားပါတယ်။