ပုဂံတွင် အမှိုက်ပစ်သူနှင့် သန့်ရှင်းရေး အင်အားမမျှတဟု ညောင်ဦးလွှတ်တော်ကိုယ်စားလှယ် ဆို

"ပုဂံဘုရားတွေရဲ့ရှေးဟောင်းအမွေအနှစ်တွေကို လာရောက်ကြည့်ရှုတဲ့ နိုင်ငံခြားသားတွေ ပြည်တွင်းက ဘုရားဖူး ပြည်သူပြည်သားတွေ အကုန်လုံးကလည်း ဒီလိုတွေ ပုဂံမှာ ရှေးဟောင်းအမွေအနှစ်တွေ အများကြီး ရှိတဲ့နေရာမှာ အမှိုက်သရိုက်တွေများတာတွေကို သူတို့အနေနဲလည်း အမြင်မတော်ဘူးဆိုတာကို ပြောကြပါတယ်။ ဒါပေမယ့် ဒီမှာ အမှိုက်အင်အားနဲ့ လူအင်အားနဲ့မမျှပါဘူး။"ဟု မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်က ပြောသည်။

ရိုက်ကူး၊တည်းဖြတ်-မျိုးပြည့်သင်း

သတင်းအပြည့်အစုံ- http://www.mizzimaburmese.com/article/38452