FDA ဝန်ထမ်းအမျိုးသမီး အဓမ္မပြုကျင့်သတ်ခံရမှု ဆေးစစ်ချက်အစီရင်ခံစာတွင် ပါဝင်သော အချက်အလက်မှာ သိပ်ခိုင်မာမှုမရှိဟု ပြော

FDA ဝန်ထမ်း ဒုတိယဦးစီးမှူး အမျိုးသမီးအား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ရမှု ဆေးစစ်ချက်အစီရင်ခံစာတွင် ပါဝင်သော အချက်အလက်မှာ သိပ်ခိုင်မာမှုမရှိဟု တရားစွဲတင်စစ်ဆေးနေသည့် မျိုးဇော်ဦး(ခ) ဆီဒိုးနားဘက်မှ လိုက်ပါဆောင်ရွက်သူ အထက်တန်းရှေ့နေ ဦးမောင်မောင်စိုးက ပြောသည်။

ယနေ့ မတ်လ ၂၆ ရက်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် မျိုးဇော်ဦး(ခ) ဆီဒိုးနားဆိုသူကို ၆ ကြိမ်မြောက်ရုံး ထုတ်ခဲ့ကာ တရားလိုပြသက်သေ ၃ ဦးအား စစ်ဆေးအပြီး တရားရုံးပြင်ပတွင် မီဒီယာများသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)