သည်းထိတ်ရင်ဖိုဇာတ်ဝင်ခန်းတွေပါဝင်တဲ့ ဒုဋ္ဌဝတီကို လွန်၍ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား

သည်းထိတ်ရင်ဖိုဇာတ်ဝင်ခန်းတွေပါဝင်တဲ့ ဒုဋ္ဌဝတီကို လွန်၍ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားအပါအဝင် ရုပ်ရှင်ကား ၄ ကားကို Golden Hour Entertainment ရုပ်ရှင်ထုတ်လုပ်ရေးကနေ ဒီကနေ့ မတ်လ ၂၁ ရက်နေ့က နေ့လည်ပိုင်းက ရန်ကုန်မြို့၊ Novotel ဟိုတယ်မှာ ဒီကနေ့ တစ်ပြိုင်နက် မိတ်ဆက် လိုက်ပါတယ်။

ဒီဇာတ်ကားမှာ နိုင်ငံခြားရုပ်ရှင်ဆန်ဆန်၊ အပစ်အခတ် ဇာတ်ဝင်ခန်းတွေအပြင် ကွန်ပျူတာအထူးပြုလုပ်ချက်တွေ၊ အသံအထူးပြုလုပ်ချက်တွေနဲ့ ဆန်းပြားတဲ့ ကင်မရာ ရိုက်ချက်တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ၃ လ ကျော်ကြာ အချိန်ပေး ရိုက်ကူးခဲ့တဲ့ ဒီရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဝင်ခန်းအချို့ကို ရိုက်ကူးရာမှာ သရုပ်ဆောင်တွေအနေနဲ့လည်း အသက်အန္တရာယ်များတဲ့ အထူးပြုလုပ်ချက်တွေနဲ့ သရုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

ဒုဋ္ဌဝတီကို လွန်၍ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ အာကာက ရိုက်ကူးပုံဖော်ထားပြီး နိုင်းနိုင်း၊ အမွန်း၊ ဆန်းထွဋ်၊ ဇော်ဇော်အောင်၊ နော်အောင်တို့ ပါဝင် သရုပ်ဆောင်ထားပြီး မကြာခင် ရုံတင်ပြသနိုင်တော့မှာ ဖြစ် ပါတယ်။

ရိုက်ကူး၊တည်းဖြတ်-ဒေါင်းလူ