အဆိုတော်တသသ ပြောပြတဲ့ သူ့အမှုအကြောင်း

အဆိုတော်တသသ ပြောပြတဲ့ သူ့အမှုအကြောင်းနဲ့ အဲဒီအမှုကို ဥပဒေအတိုင်း စီရင်ခဲ့တယ်လို့ ပြောလိုက်တဲ့ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တိုင်းဦးစီးမှူးဒေါ်ခင်ခင်ချိုတို့ရဲ့ပြောစကားတွေကို မဇ္ဈိမက တင်ဆက်ပေးလိုက်ပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဥ့်ကူးမြို့နယ်၊ လက်ပံလှရဲစခန်းမှာ ၂၀၁၅ ခုနှစ်က ပစ္စည်းခိုးယူခံခဲ့ရတာနဲ့ပတ်သက်ပြီး အမှုဖွင့်ခဲ့ပါတယ်။

အဲဒီလိုအမှုဖွင့်ခဲ့လို ပုဒ်မ ၃၈၀ နဲ့စွပ်စွဲခံရသူတွေကို ဖမ်းဆီးပြီး စဥ့်ကူးမြို့နယ်တရားရုံးမှာ စစ်ဆေးခဲ့ပေမယ့် သက်သေမခိုင်လုံလို့ဆိုကာ ၂၀၁၈ခုနှစ်၊မတ်လ ၁၆ ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။

အဲဒီစစ်ဆေးဆောင်ရွက်ခဲ့မှုတွေဟာ တစ်ဖက်သတ်လုပ်ခဲ့တာဖြစ်ပြီး တရားလိုဘက်က တင်ပြခဲ့တာတွေ သက်သေတွေကို ဖတ်ကြားတွေမလုပ်သလို စစ်ဆေးတာတွေလည်း မလုပ်ဘဲ တရားခွင်ကို တံခါးပိတ်စစ်ဆေးခဲ့တာတွေလုပ်ခဲ့တယ်လို့ အဆိုတော်တသသကဆိုပါတယ်။

အဲဒီလိုစစ်ဆေးခဲ့တာတွေကို မကျေနပ်လို့ တရားစီရင်ရေးနဲ့ပတ်သက်ပြီး အဆိုတော်တသသက လူမှုကွန်ယက်ပေါ်မှာ ပြောဆိုမှုတွေလုပ်ခဲ့ပါတယ်။

အဲဒီလိုပြောဆိုခဲ့တာတွေနဲ့ပတ်သက်ပြီး ဒီကနေ့ မနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်မှာ တရားရေးဘက်က ပုဂ္ဂိုလ်တွေက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာ တိုင်းတရားလွှတ်တော်က ဦးစီးမှူး ဒေါ်ခင်ချိုချိုက တသသ လူမှုကွန်ယက်ပေါ်မှာ တင်ခဲ့တာနဲ့ပတ်သက်ပြီး ၆၆(ဃ)နဲ့အရေးယူသွားမယ်လို့ဆိုပါတယ်။

တသသအနေနဲ့ အရေးယူမှုတွေကို ရင်ဆိုင်သွားမှာဖြစ်သလို မြို့နယ်တရားရုံးက ပယ်ချလိုက်တဲ့ ပုဒ်မ ၃၈၀ အမှုကိုလည်း ခရိုင်၊တိုင်းအဆင့်တွေမှာ ဆက်လက်တက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

ခိုးယူခံလိုက်ရတဲ့ပစ္စည်းတွေဟာ သိန်းပေါင်း ၄ သိန်းကျော်တယ်လို့ တသသက ဆိုပါတယ်။

(ရိုက်ကူး၊အောင်ကိုဦး၊မဇ္ဈိမ)