ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့အား အောက်မေ့ဖွယ် အခမ်းအနားကျင်းပ

၈၈ကာလအစောပိုင်းတွင်  ကျဆုံးခဲ့ရသည့် ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားများဖြစ်သော ကိုဘုန်းမော်နှင့် ကိုစိုးနိုင်တို့အား ကမ္ဘာတည်သရွေ့မမေ့မလျော့ မှတ်တမ်းတင်ထားသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယမန်နှစ်က ပေးပို့ခဲ့သော သ၀ဏ်လွှာကို ယနေ့ပြန်လည်ဖတ်ကြားခဲ့ကြသည်။ 

 ယနေ့ မတ်လ ၁၃ ရက်နေ့တွင် ရန်ကုန်နည်းပညာတက္ကသိုလ်၌ ကျင်းပသည့် ကိုဘုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း နှစ် (၃၀) ပြည့်မြောက်ခြင်း အထိမ်းမှတ်အောက်မေ့ဖွယ် အခမ်းအနား သို့ ပေးပို့သည့် ဒေါ်အောင်ဆန်းစုကြည်၏ သ၀ဏ်လွှာတွင် ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

သတင်းအပြည့်အစုံ - http://mizzimaburmese.com/article/38105
ရိုက်ကူး - သူရ
တည်းဖြတ် - ဇေယျာမော်