တိုက်လိပ် အကောင် ၃၀ ချင်းတွင်းမြစ်အတွင်း လွှတ်

မျိုးတုံးရန်အနေအထားဖြစ်နေသည့် မြန်မာနိုင်ငံ၏ ဒေသရင်းဖွားမျိုးစိတ်ဖြစ်သော တိုက်လိပ် အကောင် ၃၀ ကို မတ်လ ၁၃ရက်၊ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ချင်းတွင်းမြစ်အထက်ပိုင်း လင်းဖားကျေးရွာအနီးတွင် လွှတ်ပေးခဲ့ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့(လင်းဖားလိပ်စခန်းတာဝန်ခံ)ကိုဖိုးငယ်က ပြောသည်။

 ထိုသို့တိုက်လိပ်များလွှတ်ခြင်းကို သစ်တောဦးစီးဌာ၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့၊ လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့ (TSA) တို့ ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်သည်။

 "သူတို့ကို လွှတ်တယ်ဆိုပေမယ့် လုံးဝကြီး လွှတ်လိုက်တာမဟုတ်ပဲ ခြံခတ်ထားတယ်။ ဘာလို့လဲဆိုတော့ မြစ်ထဲ တိုက်ရိုက်လွှတ်လိုက်ရင် ပိုက်တွေ ညှိမှာဆိုတော့ နှစ်လလောက် ခြံခေတ်ပြီး မြစ်သဘာဝကို သိအောင်ထားထားသေးတယ်"ဟု သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)(လင်းဖားစခန်း)တာဝန်ခံ ကိုဖိုးငယ်က ပြောသည်။

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/38116
 
(ရိုက်ကူး၊ တောင်ပေါ်ကျား၊ တည်းဖြတ် - အောင်ကိုဦး/မဇ္ဈိမ)