CHDB ဘဏ်က ဆောက်လုပ်ရေးလုပ်ငန်း ၃၁ ခုကို ချေးငွေ ကျပ် ၁ ဘီလီယံကျော် ထုတ်ချေး

ဆောက်လုပ်ရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် မြန်မာ့စီးပွားရေးဘဏ်က ဆောက်လုပ်ရေးနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းတွေကို  ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က တစ်ဆင့် ချေးငွေထုတ်ချေးပေးသွားမှာဖြစ်ပါတယ်။ ချေးငွေ ကျပ် ၅၀ ဘီလီယံနီးပါးအထိ ထုတ်ချေးပေးသွားမှာဖြစ်ပြီး လက်ရှိ ပထမတစ်လအတွင်းကျပ် ကျပ် ၁ ဘီလီယံကျော်အထိ ထုတ်ချေးပေးပြီးဖြစ်တယ်လို့ သိရပါတယ်။