Nestle က မြန်မာပြည်စားသောက်ကုန်ဈေးကွက်တွင် ပိုမိုရင်းနှီးမြှုပ်နှံ

နှစ်ပေါင်း ၁၅၀ ကျော် ကုန်အမှတ်တံဆိပ်ဖြစ်တဲ့ ဆွစ်ဇာလန်က Nestle စားသောက်ကုန်လုပ်ငန်းဟာ ပြည်တွင်းစားသောက်ကုန်လုပ်ငန်းဖြစ်တဲ့ MDG နဲ့ အကျိုးတူပူးပေါင်းပြီး အမေရိကန်ဒေါ်လာ ၂၅ သန်း စက်ရုံတစ်ခုကို ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်း စက်မှုဇုန်မှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှာ လည်ပတ်သွားတော့မှာဖြစ်တယ်လို့ ၂၀၁၃ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ Nestle Myanmar Limited ရဲ့ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ဟိုင်ဒီ ဒေ့ဗရန် ဂျိုဗစ်က မဇ္ဈိမကို ပြောပါတယ်။

အဲဒိစက်ရုံကနေ မြန်မာပြည်ဈေးကွက်အတွက် Nestle အမှတ်တံဆိပ်တွေဖြစ်တဲ့ Nescafe, Milo နဲ့ Bear Brand စတဲ့ ကုန်အမှတ်တံဆိပ် ၃ မျိုးကို အဓိကထား ထုတ်လုပ်သွားမှာဖြစ်ပြီး နောက်ထပ် ရင်းနှီးမြှုပ်နှံမှုအတွက် သူတို့ရဲ့ ကုန်အမှတ်တံဆပ် အမျိုးအစားတိုးတက်မှုအပေါ်မှာ မူတည်ပြီး အရှိန်မြှင့် လုပ်ကိုင်သွားမယ်လို့ သိရပါတယ်။