'ကြီးမားသော အခွင့်အလမ်း မြန်မာပြည်မှာ ရှိနေ' - အားလုံးအတွက် ဒုတိယ ပြုပြင်ပြောင်းလဲမှု လိုအပ်

မြန်မာနိုင်ငံဟာ အလျင်အမြန်နဲ့ တိုးတက်နေပြီး ဒါဟာ ပြုပြင်ပြောင်းလဲမှုရဲ့ အကျိုးကျေးဇူးကြောင့် ဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့- IMF က နိုဝင်ဘာလ ၁၇ ရက်နေ့-ရန်ကုန်မြို့ Chatrium Hotel မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအပြီး မဇ္ဈိမနဲ့ သီးသန့်အင်တာဗျူးတစ်ခုမှာ ပြောဆိုလိုက်ပါတယ်။

IMF ရဲ့ အာဆီယံနဲ့ အာရှပစိဖစ်ဒေသ- ဒုတိယအကြီးအကဲ  မစ္စတာ ရှန်နာကာ ဦးဆောင်တဲ့ မစ်ရှင်အဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ဆန်းစစ်လေ့လာဖို့အတွက် နိုဝင်ဘာလ ၆ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ မြန်မာပြည်ကို လာရောက်ခဲ့တာ ဖြစ်ပြီး ခရီးစဉ်ရဲ့ နောက်ဆုံးနေ့မှာ အခုလို သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 

ဆက်လက်ပြီး မစ်ရှင်အဖွဲ့ ဦးဆောင်သူ မစ္စတာ ရှန်နာကာက မြန်မာပြည်မှာ ကြီးမားသော အခွင့်အလမ်းရှိနေပြီး ပြည်သူအားလုံး ပါဝင်နိုယ်မယ့် ရေရှည် လျင်မြန်တဲ့ တိုးတက်မှုတွေဖြစ်လာဖို့ ဒုတိယပြုပြင်ပြောင်းလဲမှုတွေ လိုအပ်နေတယ်လို့ အကြံပေးထားပါတယ်။

ကိုအောင်သူရက ပြောပြထားတာ ကို ဆက်လက် နားထောင်ကြည့်ရမှာဖြစ်ပါတယ်။