ကယန်းသမီးပျိုလက်ဝှေ့မယ် မူဘယ်ရောနီကာ

မြန်မာ့ရိုးရာလက်ဝှေ့ကို ကမ္ဘာ့ချန်ပီယံအဆင့်အထိ ထိုးသတ်ခဲ့ပြီး ပူးတွဲချန်ပီယံဆုကို ရရှိထားသူဖြစ်တဲ့အပြင် မကြာခင် ဂျပန်နိုင်ငံမှာ ကျင်းပမယ့် လက်ဝှေ့ စိန်ခေါ်ပွဲကို သွားရောက်ထိုးသတ်မယ့်သူကတော့ ကယန်းတိုင်းရင်းသားတို့ အထူးဂုဏ်ယူခဲ့ရတဲ့ လက်ဝှေ့ချန်ပီယံ မူဘယ်ရောနီကာပါ။

သူနေထိုင်ရာဒေသဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံဒေသက တိုင်းရင်းသားရိုးရာဓလေ့တွေနဲ့အတူ ဘယ်ရောနီကာ တစ်ယောက် လက်ဝှေ့သမား တစ်ယောက်ဖြစ်လာဖို့ ဘယ်လိုကျော်ဖြတ်ခဲ့လဲဆိုတာကို သတင်းထောက် ကောင်းထက်စံက သူ့ဇာတိမြေမှာ သွားရောက်ရိုက်ကူးထားပါတယ်။