One Championship

Asian SME Conference (အာရှ အသေးစားအလတ်စား စီးပွားရေးညီလာခံ) နေပြည်တော်တွင် ပြုလုပ်မည်

Asian SME Conference ကို ဒီလ ၁၄ ရက်နေ့၊ နေပြည်တော် MICC 2 မှာ ကျင်းပပြုလုပ်သွားတော့မှာဖြစ်ပါတယ်။ 

 မြန်မာနိုင်ငံအနေနဲ့ တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်အောင် ဆောင်ရွက်တဲ့နေရာမှာ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း (SME)တွေရဲ့ အခန်းကဏ္ဍဟာ အရေးပါလှတယ်။ လက်ရှိ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေဟာ ပြည်တွင်း စီးပွားရေးလုပ်ငန်းစုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းကျော်ရှိနေပါတယ်။ ဒီလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်ရရှိနိုင်ဖို့ လူ့စွမ်းအားအရင်းအမြစ် နဲ့ အိုင်ဒီယာကောင်းတွေလည်း လိုအပ်ပါတယ်။ အဲလို အိုင်ဒီယာတွေ ရရှိနိုင်ဖို့အတွက်  Asian SME Conference ဟာ နိုင်ငံတကာက SME တွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ ဘယ်လိုကျော်ဖြတ်ဆိုတာကို စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပညာရှင်တွေနဲ့ အစိုးရပိုင်းက ပေါ်လစီရေးဆွဲသူတွေ ပါဝင် ဆွေးနွေးတဲ့ ကွန်ဖရင့်တစ်ခုပါ။