ရန်ကုန်ညဈေးတန်းဈေးသည်များ အစားအသောက်သန့်ရှင်းရေးသင်တန်း မအောင်မြင်ခဲ့

ရန်ကုန်မြို့ လမ်းဘေးညဈေးတန်းရှိဈေးသည်တွေကို အစားအသောက်သန့်ရှင်းရေးသင်တန်းပြုလုပ်ပေးခဲ့ပေမယ့် အောင်မြင်မှုမရရှိခဲ့ဘူးလို့ ရန်ကုန်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ခင်စောလှက မဇ္ဈိမကို ပြောပါတယ်။