NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

လျှပ်စစ်မီးနဲ့ ကျွမ်းကျင်လုပ်သားလိုအပ်ချက်က TATA ကားတွေ တပ်ဆင်ထုတ်လုပ်ဖို့ ခက်ခဲနေ

အိန္ဒိယက တာတာမော်တော်ကားတွေ မြန်မာနိုင်ငံမှာ တပ်ဆင်ထုတ်လုပ်ဖို့ လျှပ်စစ်မီးပြည့်ပြည့်၀၀ ရရှိဖို့အပြင် ကျွမ်းကျင်လုပ် သားရရှိဖို့ လိုအပ်တယ်လို့ TATA International စီးပွားရေးလုပ်ငန်းစုရဲ့ မြန်မာပြည်ဆိုင်ရာ အမှုဆောင်အရာရှိဖြစ်သူ မစ္စတာ ဆန်နီဆက်က မဇ္ဈိမရဲ့ This Biz Interview အစီအစဉ်-ပထမပိုင်းမှာ ပြောဆိုလိုက်ပါတယ်။

TATA အနေနဲ့ ၂၀၁၃ ခုနှစ်မှာ အိန္ဒိယအစိုးရ ချေးငွေအကူအညီနဲ့ စက်မှုဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး မကွေးမှာ ကားစက်ရုံတစ်ခုကို တည်ဆောက်ထားပေမယ့် လက်ရှိမှာ လုပ်ငန်းလည်ပတ်နေတာတော့ မရှိပါဘူး။ မဇ္ဈိမ စီးပွားရေးသတင်းဌာန ထုတ်လုပ်သူ ကိုအောင်သူရက မေးမြန်းတင်ဆက်ထားပါတယ်။