KBZ mBanking

နာယကႀကီး ဦးတင္ဦး၏ က်န္းမာေရး ၃ ရက္ခန္႔ ေစာင့္ၾကည့္ရန္လို

NLD နာယက ဦးတင္ဦး၏ က်န္းမာေရး အေျခအေနအား စိတ္ခ်ရေသာအေျခအေနသို႔ ေရာက္ရိွရန္ ၃ ရက္ခန္႔ ေစာင့္ၾကည့္ရမည္ျဖစ္ေၾကာင္း ရန္ကုန္ေဆးရုံႀကီး၏ ေဆး႐ံုအုပ္ႀကီး ေဒါက္တာဦးေအးကိုက မဇၩိမသို႔ ေျပာသည္။

ေဆးစစ္ခ်က္အေျဖအရ ဦးတင္ဦးသည္ ဦးေႏွာက္အတြင္းေသြးခဲေနၿပီး အသက္အႏၱရာယ္ စိုးရိမ္ရေၾကာင္း သိရကာ အသက္အရြယ္ႀကီးရင့္မႈေၾကာင့္ ပိုမိုစိုးရိမ္ေနရေၾကာင္း သိရသည္။

"ပထမဆံုးအခ်က္က အသက္က အရမ္းႀကီးတယ္၊ ၉၁ႏွစ္။ ေနာက္ သူ႔ရဲ႕ တျခားေရာဂါအခံေတြ ေသြးတိုးတို႔၊ ႏွလုံးေရာဂါတို႔လည္း ရွိတယ္ဆုိေတာ႔ အသက္အႏၲရာယ္ စိုးရိမ္ရတယ္လို႔ ေျပာလို႔ရတယ္" ဟု ေဆး႐ံုအုပ္ႀကီး ေဒါက္တာဦးေအးကိုက ေျပာသည္။

သူရဦးတင္ဦးကို ကုသရာတြင္ ေကာ္မတီဖြဲ႔၍ ေစာင့္ၾကည့္ကုသေပးေနၿပီး အဆိုပါေကာ္မတီဖြဲ႕ကုသမႈသည္ လူနာအေျခအေနႏွင့္ ထူးဆန္းေသာေရာဂါအေျခအေနမ်ားေပၚ မူတည္ၿပီး ကုသေပးျခင္းျဖစ္ကာ အျခားသူမ်ားပါ ကုသေပးေၾကာင္း သိရသည္။

NLD နာယက သူရဦးတင္ဦးသည္ သူ၏ေနအိမ္၌ ယမန္ေန႔ ေမလ ၁၇ ရက္ ညတြင္ ေရခ်ဳိးခန္း၌ ေခ်ာ္လဲကာ ရန္ကုန္ေဆး႐ံုႀကီး ဦးေနွာက္ႏွင့္အာ႐ံုေၾကာဌာနကို ပို႔ေဆာင္ခဲ့ရသည္။ ထို႔ေနာက္ MRI ႐ိုက္ကာ အထူးၾကပ္မတ္ကုသဌာနသို႔ ေျပာင္းေ႐ႊ႕ခဲ႔ၿပီး ေမလ ၁၈ ရက္နံနက္ပိုင္းက သတိလစ္ေနရာမွ ျပန္လည္သတိရလာေၾကာင္း သိရသည္။

ဦးတင္ဦးကုသမႈ ခံယူေနစဥ္ ဆရာေတာ္ အရွင္ေဆကိႏၵ ႏွင့္ ဥဴးသုစိႏၲတို႔ ၾကြေရာက္ၾကည့္႐ႈခဲ့ၾကေၾကာင္း ေတြ႔ရိွရသည္။

ဦးတင္ဦးကို ၾကြေရာက္ ပရိတ္ရြတ္ဖတ္ေပးခဲ႔တဲ႔ ဥဴးသုစိႏၲကေတာ႔ "အထဲမဝင္ရဘူး ။ အျပင္ကပဲ ေမတၱာပို႔ၿပီးေတာ႔ ေဘာဇင္သုတ္ ရြတ္တယ္"ဟု မိန္႔ၾကားခဲ့သည္။

ယေန႔ ေမလ ၁၈ ညေန ၃နာရီတြင္ ဦးတင္ဦး က်န္းမာေရးအတြက္ ေရႊတိဂုံေစတီေတာ္၊ စေနေထာင့္တြင္ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း အပါအဝင္ NLD ပါတီဝင္မ်ား ဆုေတာင္းေပးခ့ဲၾကသည္။

Unicode-
NLD နာယက ဦးတင်ဦး၏ ကျန်းမာရေး အခြေအနေအား စိတ်ချရသောအခြေအနေသို့ ရောက်ရှိရန် ၃ ရက်ခန့် စောင့်ကြည့်ရမည်ဖြစ်ကြောင်း ရန်ကုန်ဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာဦးအေးကိုက မဇ္ဈိမသို့ ပြောသည်။

ဆေးစစ်ချက်အဖြေအရ ဦးတင်ဦးသည် ဦးနှောက်အတွင်းသွေးခဲနေပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရကာ အသက်အရွယ်ကြီးရင့်မှုကြောင့် ပိုမိုစိုးရိမ်နေရကြောင်း သိရသည်။

"ပထမဆုံးအချက်က အသက်က အရမ်းကြီးတယ်၊ ၉၁နှစ်။ နောက် သူ့ရဲ့ တခြားရောဂါအခံတွေ သွေးတိုးတို့၊ နှလုံးရောဂါတို့လည်း ရှိတယ်ဆိုတော့ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ပြောလို့ရတယ်" ဟု ဆေးရုံအုပ်ကြီး ဒေါက်တာဦးအေးကိုက ပြောသည်။

သူရဦးတင်ဦးကို ကုသရာတွင် ကော်မတီဖွဲ့၍ စောင့်ကြည့်ကုသပေးနေပြီး အဆိုပါကော်မတီဖွဲ့ကုသမှုသည် လူနာအခြေအနေနှင့် ထူးဆန်းသောရောဂါအခြေအနေများပေါ် မူတည်ပြီး ကုသပေးခြင်းဖြစ်ကာ အခြားသူများပါ ကုသပေးကြောင်း သိရသည်။

NLD နာယက သူရဦးတင်ဦးသည် သူ၏နေအိမ်၌ ယမန်နေ့ မေလ ၁၇ ရက် ညတွင် ရေချိုးခန်း၌ ချော်လဲကာ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့်အာရုံကြောဌာနကို ပို့ဆောင်ခဲ့ရသည်။ ထို့နောက် MRI ရိုက်ကာ အထူးကြပ်မတ်ကုသဌာနသို့ ပြောင်းရွှေ့ခဲ့ပြီး မေလ ၁၈ ရက်နံနက်ပိုင်းက သတိလစ်နေရာမှ ပြန်လည်သတိရလာကြောင်း သိရသည်။

ဦးတင်ဦးကုသမှု ခံယူနေစဉ် ဆရာတော် အရှင်ဆေကိန္ဒ နှင့် ဥူးသုစိန္တတို့ ကြွရောက်ကြည့်ရှုခဲ့ကြကြောင်း တွေ့ရှိရသည်။

ဦးတင်ဦးကို ကြွရောက် ပရိတ်ရွတ်ဖတ်ပေးခဲ့တဲ့ ဥူးသုစိန္တကတော့ "အထဲမဝင်ရဘူး ။ အပြင်ကပဲ မေတ္တာပို့ပြီးတော့ ဘောဇင်သုတ် ရွတ်တယ်"ဟု မိန့်ကြားခဲ့သည်။

ယနေ့ မေလ ၁၈ ညနေ ၃နာရီတွင် ဦးတင်ဦး ကျန်းမာရေးအတွက် ရွှေတိဂုံစေတီတော်၊ စနေထောင့်တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အပါအဝင် NLD ပါတီဝင်များ ဆုတောင်းပေးခဲ့ကြသည်။