Shop.com.mm

၆၆(ဃ)ျဖင့္ အမႈဖြင့္ခံရသည့္ The Voice သတင္းစာမွ တပ္မေတာ္သို႔ ေတာင္းပန္စာပို႔

တပ္မေတာ္ဘက္မွ ေရးသားေစခ်င္သည့္ေတာင္းပန္စာကို The Voice သတင္းစာက သတင္းမီဒီယာေကာင္စီသို႔ ေပးပို႔ထားျခင္းႏွင့္ ပတ္သက္၍ ယေန႔ အသိေပးေဆြးေႏြးခဲ႔ၾကသည္။

The Voice ေန႔စဥ္သတင္းစာတြင္ေဖာ္ျပခဲ့သည့္ "က်ည္ေထာင္စုသစၥာ" သေရာ္စာႏွင့္ ပတ္သက္၍ တပ္မေတာ္က တရားစြဲဆိုခဲ႔ျခင္းအေပၚ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီမွ တာဝန္႐ွိသူမ်ားႏွင့္ The Voice သတင္းစာ၏ သတင္းစာအယ္ဒီတာခ်ဳပ္ ဦးေက်ာ္မင္းေဆြကိုယ္စား အမႈေဆာင္အယ္ဒီတာ ဦးေအာင္စိုးတို႔ ယေန႔ ေမလ ၁၈ ရက္ ေန႔လည္ ၁၂ နာရီက ရန္ကုန္ၿမိဳ႕၊ ေက်ာက္တံတားၿမိဳ႕နယ္ရွိ Myanmar Press Council ႐ုံးတြင္ ေတြ႔ဆုံခဲ႔သည္။

The Voice သတင္းစာဘက္က တပ္မေတာ္ဘက္မွ ေရးေစခ်င္သည့္ ေတာင္းပန္စာမ်ဳိးႏွင္႔ မတူေသာ္လည္း အဓိပၸါယ္တူသည့္ေတာင္းပန္စာကို သတင္းမီဒီယာေကာင္စီမွတဆင့္ တပ္မေတာ္သို႔ ေပးပို႔ထားသည္ဟု ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီအတြင္းေရးမွဴး ဦးသီဟေစာက ေျပာသည္္။

"The Voice သတင္းစာဘက္က တပ္မေတာ္ဘက္မွ ေရးေစခ်င္တဲ႕ေတာင္းပန္စာမ်ဳိးေတာ႔ မဟုတ္ဘူး။ အဲဒါနဲ႔အဓိပၸါယ္တူတဲ႔ေတာင္းပန္စာကို သတင္းမီဒီယာေကာင္စီကို ပို႔တယ္။ အဲဒါကိုလည္း တပ္မေတာ္ဘက္ကို ပို႔လိုက္ၿပီ။ သူတို႔ဘက္က ဒါကို လက္ခံမယ္၊ လက္မခံဘူးေတာ႔ မသိေသးဘူး" ဟု သတင္းမီဒီယာေကာင္စီအတြင္းေရးမွဴ ဦးသီဟေစာက ေျပာသည္္။

ေကာင္စီက လက္ခံညႇိႏႈိင္းေျဖရွင္းေပးေနစဥ္ ဆက္သြယ္ေရး ဥပေဒပုဒ္မ -၆၆(ဃ)ျဖင့္ အမႈဖြင့္တိုင္ၾကားခဲ့ျခင္းအတြက္ အံ့ၾသရၿပီး စိတ္မေကာင္းလည္းျဖစ္ရသည္ဟု ျမန္မာႏိုင္ငံ သတင္း မီဒီယာေကာင္စီ ဒုတိယဥကၠ႒ ဦးေအာင္လွထြန္းက ဆိုသည္။

"ဒီလိုတရားစြဲေတာ့ ကြ်န္ေတာ္တို႔လည္း ေတာ္ေတာ္စိတ္မေကာင္းျဖစ္ရသလို ေတာ္ေတာ္လည္း အံ့ၾသမိ တယ္။ ကြ်န္ေတာ္တို႔ကေတာ႔ အစြမ္းကုန္ ဥပေဒေဘာင္အတြင္းက ေဆာင္႐ြက္ေပးသြားမယ္" ဟု သတင္း မီဒီယာေကာင္စီဒုတိယဥကၠ႒ ဦးေအာင္လွထြန္းက ေျပာသည္။

တပ္မေတာ္က ႐ိုက္ကူးခဲ့သည့္ "ျပည္ေထာင္စုသစၥာ" ဇာတ္ကားကိုအေျခခံ၍ သေရာ္ထား သည့္ "က်ည္ေထာင္စုသစၥာ"သေရာ္စာကို မတ္ လ ၂၆ ရက္ထုတ္ The Voice သတင္းစာ တြင္ ေဖာ္ျပခဲ့သည္။

ထိုသို႔ေရးသားေဖာ္ျပခဲ့မႈႏွင့္ ပတ္သက္၍ တပ္မေတာ္၏ဂုဏ္သိကၡာကို ထိခိုက္ေစသည့္ အခ်က္မ်ား ပါဝင္ေနသည္ဟုဆိုကာ တပ္မေတာ္က ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီသို႔ ကနဦး တိုင္ၾကားခဲ့ၿပီး ေနာက္ The Voice သတင္းစာကလည္း "က်ည္ေထာင္စုသစၥာ" သေရာ္စာႏွင့္ ပတ္သက္၍ ေမ ၁၄ ရက္ေန႔က တပ္မေတာ္၏ဂုဏ္သိကၡာကို ထိခိုက္ ေစလိုေသာ ရည္ရြယ္ခ်က္ျဖင့္ ေရးသားေဖာ္ျပျခင္း မဟုတ္ေၾကာင္း ရွင္းလင္းခ်က္ တစ္ရပ္ကို ေဖာ္ျပခဲ့ေသးသည္။

ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီက ညိွႏႈိုင္းေျဖရွင္းေနဆဲကာလမွာပင္ ရန္ကုန္တပ္နယ္မွဴး၊ ဒုတိယ ဗိုလ္မွဴးႀကီးလင္းထြန္းက တရားလိုျပဳလုပ္ကာ The Voice သတင္းစာအယ္ဒီတာခ်ဳပ္ ဦးေက်ာ္မင္းေဆြ ႏွင့္ ေဆာင္းပါးေရးသားသူ ၿဗိတိသွ်ကိုကိုေမာင္တို႔ ကို ဆက္သြယ္ေရးဥပေဒပုဒ္မ-၆၆(ဃ)ျဖင့္ ဗဟန္းၿမိဳ႕မ ရဲစခန္းတြင္ အမႈဖြင့္ထားျခင္းျဖစ္သည္။

Unicode-
တပ်မတော်ဘက်မှ ရေးသားစေချင်သည့်တောင်းပန်စာကို The Voice သတင်းစာက သတင်းမီဒီယာကောင်စီသို့ ပေးပို့ထားခြင်းနှင့် ပတ်သက်၍ ယနေ့ အသိပေးဆွေးနွေးခဲ့ကြ သည်။

The Voice နေ့စဉ်သတင်းစာတွင်ဖော်ပြခဲ့သည့် "ကျည်ထောင်စုသစ္စာ" သရော်စာနှင့် ပတ်သက်၍ တပ်မတော်က တရားစွဲဆိုခဲ့ခြင်းအပေါ် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများနှင့် The Voice သတင်းစာ၏ သတင်းစာအယ်ဒီတာချုပ် ဦးကျော်မင်းဆွေကိုယ်စား အမှုဆောင်အယ်ဒီတာ ဦးအောင်စိုးတို့ ယနေ့ မေလ ၁၈ ရက် နေ့လည် ၁၂ နာရီက ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ Myanmar Press Council ရုံးတွင် တွေ့ဆုံခဲ့သည်။

The Voice သတင်းစာဘက်က တပ်မတော်ဘက်မှ ရေးစေချင်သည့် တောင်းပန်စာမျိုးနှင့် မတူသော်လည်း အဓိပ္ပါယ်တူသည့်တောင်းပန်စာကို သတင်းမီဒီယာကောင်စီမှတဆင့် တပ်မတော်သို့ ပေးပို့ထားသည်ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးသီဟစောက ပြောသည််။

"The Voice သတင်းစာဘက်က တပ်မတော်ဘက်မှ ရေးစေချင်တဲ့တောင်းပန်စာမျိုးတော့ မဟုတ်ဘူး။ အဲဒါနဲ့အဓိပ္ပါယ်တူတဲ့တောင်းပန်စာကို သတင်းမီဒီယာကောင်စီကို ပို့တယ်။ အဲဒါကိုလည်း တပ်မတော် ဘက်ကို ပို့လိုက်ပြီ။ သူတို့ဘက်က ဒါကို လက်ခံမယ်၊ လက်မခံဘူးတော့ မသိသေးဘူး" ဟု သတင်းမီဒီယာကောင်စီအတွင်းရေးမှူ ဦးသီဟစောက ပြောသည််။

ကောင်စီက လက်ခံညှိနှိုင်းဖြေရှင်းပေးနေစဉ် ဆက်သွယ်ရေး ဥပဒေပုဒ်မ -၆၆(ဃ)ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ခြင်းအတွက် အံ့သြရပြီး စိတ်မကောင်းလည်းဖြစ်ရသည်ဟု မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးအောင်လှထွန်းက ဆိုသည်။

"ဒီလိုတရားစွဲတော့ ကျွန်တော်တို့လည်း တော်တော်စိတ်မကောင်းဖြစ်ရသလို တော်တော်လည်း အံ့သြမိ တယ်။ ကျွန်တော်တို့ကတော့ အစွမ်းကုန် ဥပဒေဘောင်အတွင်းက ဆောင်ရွက်ပေးသွားမယ်" ဟု သတင်း မီဒီယာကောင်စီဒုတိယဥက္ကဋ္ဌ ဦးအောင်လှထွန်းက ပြောသည်။

တပ်မတော်က ရိုက်ကူးခဲ့သည့် "ပြည်ထောင်စုသစ္စာ" ဇာတ်ကားကိုအခြေခံ၍ သရော်ထား သည့် "ကျည်ထောင်စုသစ္စာ"သရော်စာကို မတ် လ ၂၆ ရက်ထုတ် The Voice သတင်းစာ တွင် ဖော်ပြခဲ့သည်။

ထိုသို့ရေးသားဖော်ပြခဲ့မှုနှင့် ပတ်သက်၍ တပ်မတော်၏ဂုဏ်သိက္ခာကို ထိခိုက်စေသည့် အချက်များ ပါဝင်နေသည်ဟုဆိုကာ တပ်မတော်က မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ ကနဦး တိုင်ကြားခဲ့ပြီး နောက် The Voice သတင်းစာကလည်း "ကျည်ထောင်စုသစ္စာ" သရော်စာနှင့် ပတ်သက်၍ မေ ၁၄ ရက်နေ့က တပ်မတော်၏ဂုဏ်သိက္ခာကို ထိခိုက် စေလိုသော ရည်ရွယ်ချက်ဖြင့် ရေးသားဖော်ပြခြင်း မဟုတ်ကြောင်း ရှင်းလင်းချက် တစ်ရပ်ကို ဖော်ပြခဲ့သေးသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ညှိနှိုုင်းဖြေရှင်းနေဆဲကာလမှာပင် ရန်ကုန်တပ်နယ်မှူး၊ ဒုတိယ ဗိုလ်မှူးကြီးလင်းထွန်းက တရားလိုပြုလုပ်ကာ The Voice သတင်းစာအယ်ဒီတာချုပ် ဦးကျော်မင်းဆွေ နှင့် ဆောင်းပါးရေးသားသူ ဗြိတိသျှကိုကိုမောင်တို့ ကို ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ)ဖြင့် ဗဟန်းမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်သည်။