Mizzima TV

ဦးဝီရသူအေၾကာင္း ႐ိုက္ကူးထားသည့္ မွတ္တမ္း႐ုပ္ရွင္ကို ကိန္း႐ုပ္ရွင္ပြဲေတာ္တြင္ ျပသမည္

ဆရာေတာ္ဦးဝီရသူအေၾကာင္း အထၳဳပၸတၱိဆန္ဆန္ ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ဇာတ္ကားကို ျပင္သစ္ႏိုင္ငံကိန္း ႐ုပ္ရွင္ပြဲေတာ္မွာ ျပသသြားမယ္လို႔ သိရပါတယ္။

ဒီ႐ုပ္ရွင္ကို ဆြစ္ဇာလန္ဒါ႐ိုက္တာ ဘားဘတ္က ႐ိုက္ကူးတာျဖစ္ၿပီး ဇြန္လ ၇ ရက္ေန႔မွာ ျပသသြားမွာ ျဖစ္ပါတယ္။ တရားဝင္႐ံုတင္မွာကေတာ့ ေမလ၂၀ ရက္ပါ။

ဒီဇာတ္ကားထဲမွာ အႏႈတ္သေဘာေဆာင္တဲ့အခ်က္က ၂၀ ရာခိုင္ႏႈန္းပါဝင္ၿပီး ၈၀ ရာခိုင္ႏႈန္းကိုေတာ့ ေက်နပ္တယ္တယ္လို႔ ဆရာေတာ္ဦးဝီရသူက မိန္႔ၾကားေၾကာင္း အနီးေန တပည့္တစ္ဦးက ေျပာပါတယ္။

အႏႈတ္သေဘာေဆာင္တဲ့ အခ်က္ေတြကေတာ့ မႏၱေလးမွာ မူဆလင္ေတြ ေနစရာစားစရာမရွိေအာင္ လုပ္ျပမယ္လို႔ ဦး၀ီရသူက မိန္႔ၾကားတဲ့ အခ်က္။ မႏၲေေလးမွာ ျဖစ္ပြားတဲ့ အဓိက႐ုဏ္းက ဦးဝီရသူေပးတဲ့ သတင္းအမွားေၾကာင့္ ျဖစ္ပြားတယ္ဆိုတဲ့ ဦးဝီရသူအေၾကာင္း စာအုပ္ေရးသားသူ ေက်ာ္ေဇယ်ာထြန္းရဲ႕ သံုးသပ္ခ်က္နဲ႔ ေနာက္တစ္ခ်က္ကေတာ့ ၂၀၀၇ ေရႊ၀ါေရာင္ေတာ္လွန္ေရးမွာ ပါဝင္ခဲ့တယ္လို႔ မိန္႔ၾကားတာကို ဒါ႐ိုက္တာက နားလည္မႈလြဲသြားခဲ့တယ္လို႔ မိန္႔ၾကားေၾကာင္း အနီးေနတပည့္တစ္ဦးက ေျပာပါတယ္။

က်န္တဲ့အခ်က္ေတြကိုေတာ့ဆရာေတာ္က အားရတယ္လို႔ဆိုပါတယ္။ ဒါေပမယ့္ ဇာတ္လမ္းအဆံုးသတ္ကေတာ့ ဆရာေတာ္ကို ေလွ်ာက္ထားတဲ့အတိုင္းမဟုတ္ဘူးလို႔ အနီးေန တပည့္တစ္ဦးက ေျပာပါတယ္။

ဒီ႐ုပ္ရွင္ထဲမွာ ဆရာေတာ္ဦးဝီရသူ ေထာင္ကထြက္တဲ့အခ်ိန္ မိန္႔ၾကားခဲ့တဲ့မိန္႔ခြန္းေတြ၊ ဆရာေတာ္ဦးဝီရသူရဲ႕ အင္တာဗ်ဴးေတြ ပါဝင္ပါတယ္။

ဒီ႐ုပ္ရွင္နဲ႔ပတ္သက္ျပီး တယ္လီရာမာ ႐ုပ္ရွင္ဝက္ဘ္ဆိုက္က အညႊန္းေရးသားထားရာမွာေတာ့

“ျမန္မာႏိုင္ငံမွာေတာ့ မဘသ ဆရာေတာ္ ဦးဝီရသူအေနျဖင့္ ၎၏ ဒါယကာ ဒါယကာမတုိ႔၏ ၾကည္ညိဳျခင္းခံရေသာ ဗုဒၶရဟန္းေတာ္တစ္ပါး ျဖစ္ေသာ္ျငားလည္း တစ္ဘက္မွာလည္း ၎၏ မြတ္ဆလင္ဆန္႔က်င္ေရး တရားေတြေၾကာင့္လည္း အႏၲရာယ္ေပးႏိုင္သူတစ္ဦးလည္း ျဖစ္ေနလ်က္ရွိပါတယ္။

ဒါရိုက္တာ Barbet Schroeder အေနနဲ႔ကေတာ့ သူရုိက္ခဲ့တဲ့ ကားေတြျဖစ္တဲ့ General Idi Amin Dada: self-profile" နဲ႔ "Terror's advocate" တို႔နဲ႔ စထားခဲ့တဲ့ ဇာတ္လမ္းဝတၳဳေနာက္ဆံုးအပိုင္းကို ယခု ဇာတ္ကားနဲ႔ အဆံုးသတ္လုိက္ပါတယ္။

ယခု ဦးဝီရသူအေၾကာင္း ႐ိုက္ကူးထားတဲ့ မွတ္တမ္းဇာတ္ကားကိုေတာ့ လာမယ့္ ဇြန္လ ၇ ရက္မွာ တရားဝင္ ျပသသြားေတာ့မွာ ျဖစ္ၿပီး ယင္းမတုိင္မီ ယခု ကိန္းရုပ္ရွင္ပြဲေတာ္မွာ အထူးအစီအစဥ္အေနနဲ႔ တင္ဆက္ဖို႔ရွိေနတာျဖစ္ပါတယ္” လို႔ ေဖာ္ျပထားတာပါ။

Unicode-
ဆရာတော်ဦးဝီရသူအကြောင်း အထ္ထုပ္ပတ္တိဆန်ဆန် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကို ပြင်သစ်နိုင်ငံကိန်း ရုပ်ရှင်ပွဲတော်မှာ ပြသသွားမယ်လို့ သိရပါတယ်။

ဒီရုပ်ရှင်ကို ဆွစ်ဇာလန်ဒါရိုက်တာ ဘားဘတ်က ရိုက်ကူးတာဖြစ်ပြီး ဇွန်လ ရ ရက်နေ့မှာ ပြသသွားမှာ ဖြစ်ပါတယ်။ တရားဝင်ရုံတင်မှာကတော့ မေလ၂၀ ရက်ပါ။

ဒီဇာတ်ကားထဲမှာ အနှုတ်သဘောဆောင်တဲ့အချက်က ၂၀ ရာခိုင်နှုန်းပါဝင်ပြီး ၈၀ ရာခိုင်နှုန်းကိုတော့ ကျေနပ်တယ်တယ်လို့ ဆရာတော်ဦးဝီရသူက မိန့်ကြားကြောင်း အနီးနေ တပည့်တစ်ဦးက ပြောပါတယ်။

အနှုတ်သဘောဆောင်တဲ့ အချက်တွေကတော့ မန္တလေးမှာ မူဆလင်တွေ နေစရာစားစရာမရှိအောင် လုပ်ပြမယ်လို့ ဦးဝီရသူက မိန့်ကြားတဲ့ အချက်။ မန္တေလေးမှာ ဖြစ်ပွားတဲ့ အဓိကရုဏ်းက ဦးဝီရသူပေးတဲ့ သတင်းအမှားကြောင့် ဖြစ်ပွားတယ်ဆိုတဲ့ ဦးဝီရသူအကြောင်း စာအုပ်ရေးသားသူ ကျော်ဇေယျာထွန်းရဲ့ သုံးသပ်ချက်နဲ့ နောက်တစ်ချက်ကတော့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့တယ်လို့ မိန့်ကြားတာကို ဒါရိုက်တာက နားလည်မှုလွဲသွားခဲ့တယ်လို့ မိန့်ကြားကြောင်း အနီးနေတပည့်တစ်ဦးက ပြောပါတယ်။

ကျန်တဲ့အချက်တွေကိုတော့ဆရာတော်က အားရတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဇာတ်လမ်းအဆုံးသတ်ကတော့ ဆရာတော်ကို လျှောက်ထားတဲ့အတိုင်းမဟုတ်ဘူးလို့ အနီးနေ တပည့်တစ်ဦးက ပြောပါတယ်။

ဒီရုပ်ရှင်ထဲမှာ ဆရာတော်ဦးဝီရသူ ထောင်ကထွက်တဲ့အချိန် မိန့်ကြားခဲ့တဲ့မိန့်ခွန်းတွေ၊ ဆရာတော်ဦးဝီရသူရဲ့ အင်တာဗျူးတွေ ပါဝင်ပါတယ်။

ဒီရုပ်ရှင်နဲ့ပတ်သက်ပြီး တယ်လီရာမာ ရုပ်ရှင်ဝက်ဘ်ဆိုက်က အညွှန်းရေးသားထားရာမှာတော့

“မြန်မာနိုင်ငံမှာတော့ မဘသ ဆရာတော် ဦးဝီရသူအနေဖြင့် ၎င်း၏ ဒါယကာ ဒါယကာမတို့၏ ကြည်ညိုခြင်းခံရသော ဗုဒ္ဓရဟန်းတော်တစ်ပါး ဖြစ်သော်ငြားလည်း တစ်ဘက်မှာလည်း ၎င်း၏ မွတ်ဆလင်ဆန့်ကျင်ရေး တရားတွေကြောင့်လည်း အန္တရာယ်ပေးနိုင်သူတစ်ဦးလည်း ဖြစ်နေလျက်ရှိပါတယ်။

ဒါရိုက်တာ Barbet Schroeder အနေနဲ့ကတော့ သူရိုက်ခဲ့တဲ့ ကားတွေဖြစ်တဲ့ General Idi Amin Dada: self-profile" နဲ့ "Terror's advocate" တို့နဲ့ စထားခဲ့တဲ့ ဇာတ်လမ်းဝတ္ထုနောက်ဆုံးအပိုင်းကို ယခု ဇာတ်ကားနဲ့ အဆုံးသတ်လိုက်ပါတယ်။

ယခု ဦးဝီရသူအကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းဇာတ်ကားကိုတော့ လာမယ့် ဇွန်လ ရ ရက်မှာ တရားဝင် ပြသသွားတော့မှာ ဖြစ်ပြီး ယင်းမတိုင်မီ ယခု ကိန်းရုပ်ရှင်ပွဲတော်မှာ အထူးအစီအစဉ်အနေနဲ့ တင်ဆက်ဖို့ရှိနေတာဖြစ်ပါတယ်” လို့ ဖော်ပြထားတာပါ။