သႀကၤန္ကာလ အေဝးေျပး ကားလက္မွတ္ေစ်းကြက္၌ ေမွာင္ခိုေရာင္းခ်မႈမ်ားရွိေန

သႀကၤန္ကာလအတြင္းတြင္ အေဝးေျပး ကားလက္မွတ္မ်ားေရာင္းခ်ရာ၌ ေမွာင္ခိုေရာင္းခ်မႈမ်ား ထြက္ေပၚေနသည္။ ရန္ကုန္ျမိဳ႕မွနယ္ကို ျပန္သည့္ခရီးသြားမ်ားျပားမႈေၾကာင့္ အေဝးေျပးကားလက္မွတ္မ်ားဝယ္ယူရ ခက္ခဲေနျပီး ႀကိဳတင္ဝယ္ယူရာ၌ အဆင္မေျပမႈမ်ားလည္း ရွိေနသည္။

သၾကၤန္တြင္း ေမွာင္ခိုလက္မွတ္မ်ား ထြက္လာသည့္အေပၚ JJ Express မွ Business Developement Manager ေဒၚေက်ာ႔ေက်ာ့သက္က "ပြဲစားလို႔ပဲ ေျပာရမလားမသိဘူး။ အဲ႔လိုေတြရွိတယ္ ရွိေတာ႔ ဘယ္ဂိတ္က လက္မွတ္ေရာင္းၿပီဆိုရင္ လက္မွတ္ကို ဝယ္ထားလိုက္တယ္။ ေမာင္ေလးရယ္ ပံုမွန္လက္မွတ္တစ္ေစာင္ ႏွစ္ေသာင္းဆိုလို႔ရွိရင္ ႏွစ္ေသာင္းနဲ႔ ဆယ္ေစာင္ဝယ္ထားလိုက္တယ္ေပါ့။ သူတို႔က ဝယ္ထားၿပီးေတာ႔မွ အဲဒီလက္မွတ္ကို သူတို႔က ဝင္းထဲမွာလိုက္ၾကည္႔တယ္။ ေပါ့ေနာ္ အိတ္ေလးေတြဆြဲၿပီးေတာ႔ ဘယ္လက္မွတ္ရေသးလား ... တစ္ဂိတ္ဝင္တစ္ဂိတ္ လိုက္ေမးၿပီဆိုရင္ေတာ႔ ဘယ္သြားမွာလဲ ဘယ္သြားမွာလဲ မႏၱေလးသြားခ်င္လို႔ အဲ႔တာဆို ကြ်န္ေတာ္႔ဆီမွာရွိတယ္။ ဘယ္ေရြ႕ဘယ္မွ်ေပါ့ ခင္ဗ်ားရမလား။ ဒီမွာ ခံုနံပါတ္လည္းရွိတယ္ လက္မွတ္လည္းရွိတယ္။ ခင္ဗ်ားယူမလား... ဟုတ္ၿပီယူမယ္ဆိုလို႔ရွိရင္ သူကေရာင္းလိုက္တယ္။ အဲ႔လိုမ်ိဳးနဲ႔ ေမွာင္ခုိေစ်းကြက္က အဲဒီလိုသြားတာ"ဟု ဆိုသည္။

လက္မွတ္မရႏိုင္ေသာ ခရီးသည္တခ်ိဳ႕အေနျဖင့္ ေမွာင္ခိုလက္မွတ္ဝယ္ယူေနရျခင္းႏွင့္ ပတ္သက္၍ ခရီးသည္ ေဒၚမမမင္းက "ေမွာင္ခိုနဲ႔ပတ္သက္ၿပီး မျဖစ္ေစခ်င္ဘူးေပါ့ေနာ္။ သာမန္ေစ်းႏူန္းအတိုင္းပဲ ျဖစ္ေစခ်င္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ႔ အကုန္လံုးက မရွိဆင္းရဲသားေတြေလ သာမန္လူတန္းစားေတြဆိုေတာ့ ေမွာင္ခိုနဲ႔ေတြ႔တဲ႔အခါက်ရင္ အဆင္မေျပမႈေတြျဖစ္တယ္ ေငြေရးေၾကးေရးခက္ခဲတယ္ေပါ့ေနာ္။ ေျပေျပလည္လည္ပဲျဖစ္ေစခ်င္ပါတယ္ ကိုယ္႔လိုပဲ"ဟု ေျပာသည္။

ယခုႏွစ္သၾကၤန္ကာလတြင္ ၿမိတ္ ထားဝယ္-ေကာ႔ေသာင္း ခရီးစဥ္မ်ား၌ ယခင္ႏွစ္မ်ားကထက္ ခရီးသည္ ႏွစ္ဆ သံုးဆမ်ားလာေၾကာင္း Lucky Star ကားဂိတ္မွ ကိုဝင္းထိုက္ေအာင္က ေျပာပါသည္။

"ေမွာင္ခိုေစ်းကြက္ကေတာ႔ အၿမဲတမ္းရွိေနမွာပဲ ကၽြန္ေတာ္တို႔ေရာင္းတဲ႔ေစ်းနဲ႔ ကၽြန္ေတာ္တို႔ကဘယ္သူလာလာ ေရာင္းမွာပဲ အေရးႀကီးတာက လက္မွတ္ျပည္႔သြားဖို႔အေရးႀကီးတယ္ သူ႔ဘာသူ Black လာဝယ္တာေတြ ေမွာင္ခိုလာဝယ္တာေတြက ကၽြန္ေတာ္တို႔နဲ႔ မဆိုင္ဘူး ခရီးသည္ေတြေပၚမွာပဲ မူတည္တယ္ေပါ့"ဟု သူက ဆက္ေျပာသည္။

ၿပီးခဲ႔သည့္လ ေနာက္ဆံုးရက္သတၱပတ္အတြင္း အေ၀းေျပးကားခမ်ား ေစ်းတင္မေရာင္းရန္ ရန္ကုန္သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္မႈအာဏာပိုင္အဖြဲ႔က ညြန္ၾကားခ်က္ထုတ္ျပန္ခဲ့သည္။

Unicode-
သင်္ကြန်ကာလအတွင်းတွင် အဝေးပြေး ကားလက်မှတ်များရောင်းချရာ၌ မှောင်ခိုရောင်းချမှုများ ထွက်ပေါ်နေသည်။ ရန်ကုန်မြို့မှနယ်ကို ပြန်သည့်ခရီးသွားများပြားမှုကြောင့် အဝေးပြေးကားလက်မှတ်များဝယ်ယူရ ခက်ခဲနေပြီး ကြိုတင်ဝယ်ယူရာ၌ အဆင်မပြေမှုများလည်း ရှိနေသည်။

သင်္ကြန်တွင်း မှောင်ခိုလက်မှတ်များ ထွက်လာသည့်အပေါ် JJ Express မှ Business Developement Manager ဒေါ်ကျော့ကျော့သက်က "ပွဲစားလို့ပဲ ပြောရမလားမသိဘူး အဲ့လိုတွေရှိတယ် ရှိတော့ ဘယ်ဂိတ်က လက်မှတ်ရောင်းပြီဆိုရင် လက်မှတ်ကို ဝယ်ထားလိုက်တယ် မောင်လေးရယ် ပုံမှန်လက်မှတ်တစ်စောင် နှစ်သောင်းဆိုလို့ရှိရင် နှစ်သောင်းနဲ့ ဆယ်စောင်ဝယ်ထားလိုက်တယ်ပေါ့ သူတို့က ဝယ်ထားပြီးတော့မှ အဲဒီလက်မှတ်ကို သူတို့က ဝင်းထဲမှာလိုက်ကြည့်တယ်ပေါ့နော် အိတ်လေးတွေဆွဲပြီးတော့ ဘယ်လက်မှတ်ရသေးလား တစ်ဂိတ်ဝင်တစ်ဂိတ် လိုက်မေးပြီဆိုရင်တော့ ဘယ်သွားမှာလဲ ဘယ်သွားမှာလဲ မန္တလေးသွားချင်လို့ အဲ့တာဆို ကျွန်တော့်ဆီမှာရှိတယ် ဘယ်ရွေ့ဘယ်မျှပေါ့ ခင်ဗျားရမလား ဒီမှာ ခုံနံပါတ်လည်းရှိတယ် လက်မှတ်လည်းရှိတယ် ခင်ဗျားယူမလား ဟုတ်ပြီယူမယ်ဆိုလို့ရှိရင် သူကရောင်းလိုက်တယ် အဲ့လိုမျိုးနဲ့ မှောင်ခိုစျေးကွက်က အဲဒီလိုသွားတာ"ဟု ဆိုသည်။

လက်မှတ်မရနိုင်သော ခရီးသည်တချို့အနေဖြင့် မှောင်ခိုလက်မှတ်ဝယ်ယူနေရခြင်းနှင့် ပတ်သက်၍ ခရီးသည် ဒေါ်မမမင်းက "မှောင်ခိုနဲ့ပတ်သက်ပြီး မဖြစ်စေချင်ဘူးပေါ့နော် ။ သာမန်စျေးနူန်းအတိုင်းပဲ ဖြစ်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အကုန်လုံးက မရှိဆင်းရဲသားတွေလေ သာမန်လူတန်းစားတွေဆိုတော့ မှောင်ခိုနဲ့တွေ့တဲ့အခါကျရင် အဆင်မပြေမှုတွေဖြစ်တယ် ငွေရေးကြေးရေးခက်ခဲတယ်ပေါ့နော်။ ပြေပြေလည်လည်ပဲဖြစ်စေချင်ပါတယ် ကိုယ့်လိုပဲ"ဟု ပြောသည်။

ယခုနှစ်သင်္ကြန်ကာလတွင် မြိတ် ထားဝယ်-ကော့သောင်း ခရီးစဉ်များ၌ ယခင်နှစ်များကထက် ခရီးသည် နှစ်ဆ သုံးဆများလာကြောင်း Lucky Star ကားဂိတ်မှ ကိုဝင်းထိုက်အောင်က ပြောပါသည်။

"မှောင်ခိုစျေးကွက်ကတော့ အမြဲတမ်းရှိနေမှာပဲ ကျွန်တော်တို့ရောင်းတဲ့စျေးနဲ့ ကျွန်တော်တို့ကဘယ်သူလာလာ ရောင်းမှာပဲ အရေးကြီးတာက လက်မှတ်ပြည့်သွားဖို့အရေးကြီးတယ် သူ့ဘာသူ Black လာဝယ်တာတွေ မှောင်ခိုလာဝယ်တာတွေက ကျွန်တော်တို့နဲ့ မဆိုင်ဘူး ခရီးသည်တွေပေါ်မှာပဲ မူတည်တယ်ပေါ့"ဟု သူက ဆက်ပြောသည်။

ပြီးခဲ့သည့်လ နောက်ဆုံးရက်သတ္တပတ်အတွင်း အဝေးပြေးကားခများ စျေးတင်မရောင်းရန် ရန်ကုန်သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့က ညွန်ကြားချက်ထုတ်ပြန်ခဲ့သည်။