ရန္ကုန္သႀကၤန္တြင္ သ႐ုပ္ပ်က္ ဝတ္စားဆင္ယင္သည့္ မိန္းကေလးမ်ား အေရးယူခံရမည္

ယခုႏွစ္ ရန္ကုန္မဟာသႀကၤန္တြင္ မိန္းကေလးမ်ား သ႐ုပ္ပ်က္ ဝတ္စားဆင္ယင္ေပ်ာ္ပါးမႈမ်ား ေတြ႕ရွိပါက အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ေျပာေရးဆိုခြင့္ရွိသူ ရဲမွဴးလွေဝကေျပာသည္။

အဆိုပါ အေရးယူမည့္အေၾကာင္းကို ရန္ကုန္တိုင္းေဒသႀကီး တိုင္းလႊတ္ေတာ္႐ံုးတြင္ မတ္ လ ၂၉ ရက္ေန႔က က်င္းပသည့္ သႀကၤန္တြင္း မႈခင္းႀကိဳတင္ကာကြယ္ျခင္း၊ လုံၿခဳံေရးေဆာင္ရြက္မည့္လုပ္ငန္းမ်ား အစည္းေဝးပြဲတြင္ ေျပာၾကားသြားျခင္းျဖစ္သည္။

“ကိုယ့္ျမန္မာလူမ်ိဳးက်င္းပတဲ႔ဟာကို သ႐ုပ္ပ်က္ဝတ္စားဆင္ယင္ၿပီး ရွင္းရွင္းေျပာရရင္ ယိုသူမရွက္ ျမင္သူရွက္ေပါ့။ ဘယ္လိုအေရးယူရမလဲဆိုေတာ့ ျပည္သူလူထုကို ညစ္ညစ္ညမ္းညမ္းျဖစ္လာရင္ေတာ့ သက္ဆိုင္ရာေတြက အေရးယူရမွာေပါ့" ဟု ၎ကေျပာသည္။

မိန္းကေလးမ်ား အေနျဖင့္ မ႑ပ္ေပၚသာမက သႀကၤန္လည္ပတ္ရာတြင္လည္း သ႐ုပ္ပ်က္ေစႏိုင္ေသာ ဝတ္စားဆင္ယင္မႈမ်ားေတြ႕ရွိပါက အေရးယူသြားမည္ျဖစ္သည္။

၂၀၁၆ ရန္ကုန္သႀကၤန္တြင္ သ႐ုပ္ပ်က္ဝတ္စားဆင္ယင္မႈျဖင့္ ေဖ်ာ္ေျဖခဲ့သည့္ မ႑ပ္ ၃ ခုရွိခဲ့ေၾကာင္းသိရသည္။

Unicode-
ယခုနှစ် ရန်ကုန်မဟာသင်္ကြန်တွင် မိန်းကလေးများ သရုပ်ပျက် ဝတ်စားဆင်ယင်ပျော်ပါးမှုများ တွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြောရေးဆိုခွင့်ရှိသူ ရဲမှူးလှဝေကပြောသည်။

အဆိုပါ အရေးယူမည့်အကြောင်းကို ရန်ကုန်တိုင်းဒေသကြီး တိုင်းလွှတ်တော်ရုံးတွင် မတ် လ ၂၉ ရက်နေ့က ကျင်းပသည့် သင်္ကြန်တွင်း မှုခင်းကြိုတင်ကာကွယ်ခြင်း၊ လုံခြုံရေးဆောင်ရွက်မည့်လုပ်ငန်းများ အစည်းဝေးပွဲတွင် ပြောကြားသွားခြင်းဖြစ်သည်။

“ကိုယ့်မြန်မာလူမျိုးကျင်းပတဲ့ဟာကို သရုပ်ပျက်ဝတ်စားဆင်ယင်ပြီး ရှင်းရှင်းပြောရရင် ယိုသူမရှက် မြင်သူရှက်ပေါ့။ ဘယ်လိုအရေးယူရမလဲဆိုတော့ ပြည်သူလူထုကို ညစ်ညစ်ညမ်းညမ်းဖြစ်လာရင်တော့ သက်ဆိုင်ရာတွေက အရေးယူရမှာပေါ့" ဟု ၎င်းကပြောသည်။

မိန်းကလေးများ အနေဖြင့် မဏ္ဍပ်ပေါ်သာမက သင်္ကြန်လည်ပတ်ရာတွင်လည်း သရုပ်ပျက်စေနိုင်သော ဝတ်စားဆင်ယင်မှုများတွေ့ရှိပါက အရေးယူသွားမည်ဖြစ်သည်။

၂၀၁၆ ရန်ကုန်သင်္ကြန်တွင် သရုပ်ပျက်ဝတ်စားဆင်ယင်မှုဖြင့် ဖျော်ဖြေခဲ့သည့် မဏ္ဍပ် ၃ ခုရှိခဲ့ကြောင်းသိရသည်။