ဗံုးကဲ႔သို႔ အေရးေပၚအေျခအေနအတြက္ ရန္ကုန္ေဆးရုံႀကီး ႀကိဳတင္ျပင္ဆင္ထား

ရန္ကုန္ၿမိဳ႕သၾကၤန္တြင္ ဗံုးေပါက္သကဲ႔သို႔ အေရးေပၚအေျခအေနမ်ိဳး ျဖစ္ေပၚလာပါက ရန္ကုန္ေဆးရုံႀကီးအေနျဖင့္ ႀကိဳတင္ျပင္ဆင္ထားသည္ဟု ရန္ကုန္ေဆးရုံႀကီးမွ ဒုတိယေဆးရုံအုပ္ၾကီး ေဒါက္တာျမင့္ျမင့္ေအးက ေျပာသည္။

အဆိုပါျပင္ဆင္မႈမွာ ေဆးရုံႀကီးအေနႏွင့္ ႏွစ္စဥ္အေရးေပၚအေျခအေနမ်ားအတြက္ ႀကိဳတင္ေလ့က်င့္မႈ ျပဳလုပ္ ျပင္ဆင္ထားျခင္းျဖစ္သည္ဟု သိရသည္။

"အစ္မတို႔မွာ Mass Casualty Plan(အေရးေပၚအေျခအေနအတြက္ အစီအစဥ္) ဆိုတာရွိတယ္ ။ Plan(အစီအစဥ္) မွာ အကုန္လံုးခ်ေရးထားၿပီးသား ။ ေဆးရုံအုပ္ႀကီးက Commander ေပါ့ ။ ကြပ္ကဲေရးမွဴး ။ သူက Mass Casualty လို႔ ေျပာလိုက္တာနဲ႔ အစ္မတို႔က အသီးသီး ၊ ဘယ္သူက ဘာဆိုတာကို စာအုပ္ထြက္ထားၿပီးသားရွိတယ္ ။ အဲ႔ဒီဟာလည္း Drill(ႀကိဳတင္ေလ့က်င့္မႈ) လည္း မႏွစ္တုန္းကေတာ႔ လုပ္ၿပီးသားေပါ့ေနာ္ အဲ႔တာကေတာ႔ တကယ့္ Drill(ႀကိဳတင္ေလ့က်င့္မႈ) ေပါ့"ဟု ဒုတိယေဆးရုံအုပ္ႀကီး ေဒါက္တာျမင့္ျမင့္ေအးက ဆိုသည္။

ႀကိဳတင္ေလ့က်င့္မႈကို ယခင္ႏွစ္က မတ္လပိုင္းတြင္ ေလ့က်င့္မႈ ျပဳလုပ္ခဲ႔ၿပီး ယခုႏွစ္အတြက္ ႀို ဧၿပီလအစပုိင္းတြင္ ႀကိဳတင္ျပင္ဆင္မႈ ျပဳလုပ္ရန္ စီစဥ္ထားကာ အေရးေပၚအေျခအေနကဲ႔သို႔ တာဝန္ယူထားေသာ က႑အသီးသီးမွ ကုသသည့္ ဌာနမ်ားက လက္ေတြ႔ လုပ္ေဆာင္ၾကျခင္း ျဖစ္သည္။

ႀကိဳတင္ျပင္ဆင္မႈျပဳလုပ္ရာမွာ ကုန္က်စရိတ္မ်ား ရွိေသာ္လည္း ေဆးရုံ၏ အလွဴေငြျဖင့္သာ ႏွစ္စဥ္ျပဳလုပ္ေနေၾကာင္း အစိုးရကို ​ေတာင္​းခံျခင္​းမရွိ​ေသာ္​လည္​း ႀကိဳတင္​​ေလ့က်င္​ရာတြင္​​ကုန္​က်စရိ္တ္က်ခံ​ေပး​ေစလိ​ု​ေၾကာင္​း ဒုတိယေဆးရုံအုပ္ႀကီး ေဒါက္တာ ျမင့္ျမင့္ေအးက ေျပာသည္။

၂၀၁၀ခုႏွစ္ သၾကၤန္ကာလတြင္ ရန္ကုန္ၿမိဳ႕ ကန္ေတာ္ႀကီးပတ္လမ္းရွိ ေရကစားမ႑ပ္တစ္ခုတြင္ ဗုံးေပါက္ကြဲမႈေၾကာင့္ လူ၁၀ဦး ေသဆံုးၿပီး ၁၇၀ခန္႔ ဒဏ္ရာရရွိခဲ႔သည္။

Unicode-
ရန်ကုန်မြို့သင်္ကြန်တွင် ဗုံးပေါက်သကဲ့သို့ အရေးပေါ်အခြေအနေမျိုး ဖြစ်ပေါ်လာပါက ရန်ကုန်ဆေးရုံကြီးအနေဖြင့် ကြိုတင်ပြင်ဆင်ထားသည်ဟု ရန်ကုန်ဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေးက ပြောသည်။

အဆိုပါပြင်ဆင်မှုမှာ ဆေးရုံကြီးအနေနှင့် နှစ်စဉ်အရေးပေါ်အခြေအနေများအတွက် ကြိုတင်လေ့ကျင့်မှု ပြုလုပ် ပြင်ဆင်ထားခြင်းဖြစ်သည်ဟု သိရသည်။

"အစ်မတို့မှာ Mass Casualty Plan(အရေးပေါ်အခြေအနေအတွက် အစီအစဉ်) ဆိုတာရှိတယ် ။ Plan(အစီအစဉ်) မှာ အကုန်လုံးချရေးထားပြီးသား ။ ဆေးရုံအုပ်ကြီးက Commander ပေါ့ ။ ကွပ်ကဲရေးမှူး ။ သူက Mass Casualty လို့ ပြောလိုက်တာနဲ့ အစ်မတို့က အသီးသီး ၊ ဘယ်သူက ဘာဆိုတာကို စာအုပ်ထွက်ထားပြီးသားရှိတယ် ။ အဲ့ဒီဟာလည်း Drill(ကြိုတင်လေ့ကျင့်မှု) လည်း မနှစ်တုန်းကတော့ လုပ်ပြီးသားပေါ့နော် အဲ့တာကတော့ တကယ့် Drill(ကြိုတင်လေ့ကျင့်မှု) ပေါ့"ဟု ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေးက ဆိုသည်။

ကြိုတင်လေ့ကျင့်မှုကို ယခင်နှစ်က မတ်လပိုင်းတွင် လေ့ကျင့်မှု ပြုလုပ်ခဲ့ပြီး ယခုနှစ်အတွက် ြို ဧပြီလအစပိုင်းတွင် ကြိုတင်ပြင်ဆင်မှု ပြုလုပ်ရန် စီစဉ်ထားကာ အရေးပေါ်အခြေအနေကဲ့သို့ တာဝန်ယူထားသော ကဏ္ဍအသီးသီးမှ ကုသသည့် ဌာနများက လက်တွေ့ လုပ်ဆောင်ကြခြင်း ဖြစ်သည်။

ကြိုတင်ပြင်ဆင်မှုပြုလုပ်ရာမှာ ကုန်ကျစရိတ်များ ရှိသော်လည်း ဆေးရုံ၏ အလှူငွေဖြင့်သာ နှစ်စဉ်ပြုလုပ်နေကြောင်း အစိုးရကို ​တောင်​းခံခြင်​းမရှိ​သော်​လည်​း ကြိုတင်​​လေ့ကျင်​ရာတွင်​​ကုန်​ကျစရိ်တ်ကျခံ​ပေး​စေလိ​ု​ကြောင်​း ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာ မြင့်မြင့်အေးက ပြောသည်။

၂၀၁၀ခုနှစ် သင်္ကြန်ကာလတွင် ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းရှိ ရေကစားမဏ္ဍပ်တစ်ခုတွင် ဗုံးပေါက်ကွဲမှုကြောင့် လူ၁၀ဦး သေဆုံးပြီး ၁၇၀ခန့် ဒဏ်ရာရရှိခဲ့သည်။