One Championship

သံတောင်မြို့

မြန်မာနိုင်ငံရဲ့ သာယာလှပတဲ့ ဒေသတွေကို သွားရောက်ရိုက်ကူး တင်ဆက်ပေးနေတဲ့ Colorful Myanmar ရဲ့ ပထမဆုံးအပိုင်းအဖြစ် သံတောင်မြို့ရဲ့ သဘာဝရှုခင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

အခုချိန်မှာတော့ သံတောင်မြို့ကို သံတောင်ကြီးနဲ့ သံတောင်လေးဆိုပြီး နှစ်ပိုင်း ခွဲခြားပြီး သတ်မှတ်ထားကြပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄၀၅၀ မှာရှိတဲ့ တောင်ပေါ်မြို့လေးကတော့ သံတောင်မြို့ဟောင်းဖြစ်ပြီး သံတောင်ကြီးလို့လည်း ခေါ်ပါတယ်။ တောင်ငူမြို့ကနေ ၁၃ မိုင်အကွာမှာရှိတဲ့ မြေပြန့်ဒေသကတော့ သံတောင်မြို့ သစ်ဖြစ်ပြီး သံတောင်လေးလို့ ခေါ်ကြပါတယ်။

သံတောင်မြို့ဟောင်းလို့ခေါ်တဲ့ သံတောင်ကြီးဟာ အရင်တစ်ချိန်က ဗြိတိသျှအစိုးရရဲ့ အုပ်ချုပ်ရေးရုံးတွေအပြင် ရဲစခန်းတွေ၊ ဟိုတယ်တွေ၊ စာတိုက်တွေ၊ အမျိုးသမီးဘော်ဒါဆောင်တွေ၊ ဘုရားရှိခိုးကျောင်းတွေနဲ့ စည်ပင်ဖွံ့ဖြိုးခဲ့တဲ့မြို့လို့ သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။