ရိုဟင်ဂျာ

ရိုဟင်ဂျာအလိုမရှိကြောင်း ပခုက္ကူတွင် ဆန္ဒပြ

ရိုဟင်ဂျာအလိုမရှိကြောင်း နှင့် အစိုးရက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးမရှိကြောင်း ထုတ်ပြန်ပေးရန် တောင်းဆိုကာ ပခုက္ကူမြို့မလမ်းတလျောက် နှင့် ရိပ်သာလမ်းမကြီးတလျောက်တွင် မကွေးတိုင်အမျိုးသားရေးလှုပ်ရှားမှုကွန်ယက်မှ ဦးဆောင်ကာ ဇွန် ၁၃ရက် နေ့လည်က ဆန္ဒဖော်ထုတ်ခဲ့သည်။ ၎င်းဆန္ဒပြပွဲနှင့်ပတ်သက်၍ မကွေးတိုင်း မဘသ နှင့် ပခုက္ကူမြို့နယ် မဘသ ဥက္ကဌဆရာတော်တို့မှလည်း မဘသနှင့် မသက်ဆိုင်ကြောင်း ကြေငြာထားခဲ့ပါသည်။ (ဓာတ်ပုံ- ပြည့်ဖြိုးကျော်)
 

ဘင်္ဂ ါလီများကို ရိုဟင်ဂျာဟု ခေါ်ဝေါ်သုံးစွဲ နေခြင်းအပေါ် အစိုးရက ဖြေရှင်းပေးရန် တောင်းဆို ဆန္ဒပြ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားဝင်ထုတ်ပြန်ထားသော တိုင်းရင်းသား (၁၃၅)မျိုးတွင် မပါဝင်သော ဘင်္ဂ ါလီများကို ရိုဟင်ဂျာဟု ခေါ်ဝေါ်သုံးစွဲ နေခြင်းအပေါ် အစိုးရမှ တရားဝင်ကြေညာချက်ထုတ်ပြန်ပြီး ဖြေရှင်းပေးရန် တောင်ဆိုသော ဆန္ဒထုတ်ဖော်မှု ကို ဝံသာနုရက္ခိတစနေ လူငယ်အသင်းမှဦးဆောင်ကာ မန္တလေးအမျိုးသာရေးအင်အားစုများမှ ၂၀၁၆ ခုနှစ် မေလ ၁၃ ရက် နံနက်ပိုင်းက မန္တလေးမြို့ ၁၉ လမ်းရှိ နန်းတော်ရှေ့အားကစားကွင်းမှ ၂၆ လမ်းနှင့် ၆၂ လမ်းထောင့်အထိ ချီတက်ဆန္ဒထုတ်ဖော်ကြစဉ်။ (ဓာတ်ပုံ ဘိုဘို မဇ္ဈိမ) ယခုလိုချီတက်ဆန္ဒထုတ်ဖော်ရာတွင် အင်အား ၅၀၀ ခန့်ပါဝင်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဧပြီလ ၂၀ ရက်နေ့က အမေရိကန်သံရုံးမှ ထုတ်ပြန်သော ကြေင

ရိုဟင်ဂျာဆိုသည့်ဝေါဟာရ ဆက်လက်သုံးစွဲမည်ဟု ကန်သံအမတ်သစ်ပြော

အမေရိကန်သံအမတ် စကော့မာဒီယယ် မေ ၁၀ရက် နံနက်က ရန်ကုန်မြို့ရှိ အမေရိကန်စင်တာတွင် မီဒီယာများ၊ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)
၂၀၁၆ မတ်လက အမေရိကန်သံအမတ်အဖြစ် စတင်တာဝန်ယူခဲ့သည့် မစ္စတာ စကော့မာဒီယယ်က တွေ့ဆုံပွဲတွင် အမေးအဖြေကဏ္ဍများ ပြုလုပ်ခဲ့ပြီး ၎င်းအနေဖြင့် မြန်မာပြည်သူလူထုအများစု ကန့်ကွက်နေသည့် ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းကို ဆက်လက်သုံးစွဲသွားမည်ဟု တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။ မကြာသေးမီကပင် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှလည်း မြန်မာပြည်သူများ ကန့်ကွက်နေသည့် ရိုဟင်ဂျာအသုံးအနှုံးကို မသုံးဆွဲရန် ပြောဆိုထားသည်။

အမေရိကန်သံရုံးမှ ရိုဟင်ဂျာဟုသုံးနှုန်း၍ ထုတ်ပြန်ချက်ထုတ်ခဲ့သည့်အပေါ် ကန့်ကွက်သည့်အနေဖြင့် အမေရိကန်သံရုံးရှေ့၌ ဆန္ဒပြ

ပြီးခဲ့သည့်ရက်ပိုင်းက စက်လှေမှောက်၍ သေဆုံးသူများအား အမေရိကန်သံရုံးမှ ရိုဟင်ဂျာဟုသုံးနှုန်း၍ ထုတ်ပြန်ချက်ထုတ်ခဲ့သည့်အပေါ် ကန့်ကွက်သည့်အနေဖြင့် အမေရိကန်သံရုံးရှေ့၌ ဆန္ဒပြ။
(ဓာတ်ပုံ-သူရ ၊ မဇ္ဈိမ)

Subscribe to RSS - ရိုဟင်ဂျာ