အထူးကဏ္ဍ ဆန္ဒခံယူပွဲအထူး နောက်ထပ်ရရှိသောဆန္ဒခံယူပွဲ မဲရလာဒ်များ
နောက်ထပ်ရရှိသောဆန္ဒခံယူပွဲ မဲရလာဒ်များ
E-mail
ဖနိဒါ   
ဗုဒ္ဓဟူးနေ့၊ မေလ 14 2008 17:07 - မြန်မာစံတော်ချိန်

ချင်းမိုင်။    ။ ဆန္ဒခံယူပွဲတွင် ရရှိခဲ့သော ရလာဒ်များကို မဇ္ဈိမက ထုတ်ပြန်နေရာ အောက်တွင် ရေနံချောင်းမြို့နယ်၊ ရေနံချောင်း၊ ကျောက်ပန်းတောင်း၊ ဆင်ပေါင်ဝဲ၊ တောင်တွင်းကြီးမြို့နယ်များမှ ရလာဒ်များကို ဆက်လက် တင်ပြလိုက်ရပါသည်။

ရေနံချောင်းမြို့နယ်

မြို့ပေါ်ရပ်ကွက် ၄ ရပ်ကွက်၊ မြို့နယ်အတွင်းရှိ အလယ်ကုန်း၊ ဝက်လွတ်ကျေးရွာအုပ်စု သူဋ္ဌေးကုန်း၊ ရုံးဆိပ်နှင့် ဝက်လွတ်ကျေးရွာများတွင် ထောက်ခံမဲထက် ကန့်ကွက်မဲ များနေသည်။

 ၁။ ဆုံတိုက်ရပ်ကွက် - ကန့်ကွက်မဲ ၈၈ဝ၊ ထောက်ခံမဲ ၄ဝ၇၊ ပယ်မဲ ၁၇

၂။ ရွှေကြာငုံရပ်ကွက် - ကန့်ကွက်မဲ ၄၇၂၊ ထောက်ခံမဲ ၃၅၄၊ ပယ်မဲ ၇

၃။ ရွာသစ်ရပ်ကွက် - ကန့်ကွက် ၆၅၂၊ ထောက်ခံမဲ ၃၇၉၊ ပယ်မဲ ၂၄

၎။ အိုဘိုရပ်ကွက် - ကန့်ကွက်မဲ ၁၄၈ဝ၊ ထောက်ခံမဲ ၁၂၆၁၊ ပယ်မဲ ၂၂ဝမဲ

 ဒေသခံ (၁)

"ဒါတောင် ကြိုတင်မဲ ယူထားလို့နော်။ တချို့နေရာမှာက မဲလက်မှတ်နဲ့ ဘောပင်တောင် မကိုင်လိုက်ရဘူး။ အခုအခြေအနေမှာ မြို့ပေါ်မှာရှိတဲ့ ရက်ကွက်တွေတော့ နိုင်တယ်။ ကြံ့ခိုင်ရေး၊ အမျိုးသမီးအဖွဲ့၊ မီးသတ်တို့ မဲခိုး မဲလိမ်တာတွေ ရှိတယ်။ မဲလိမ်တဲ့ကြားက အနိုင်ရတာပါ"

ရေနံချောင်း မြို့နယ်အတွင်းရှိ ကျေးရွာ ၄ ရွာ

၁။ အလယ်ကုန်း - ကန့်ကွက်မဲ ၄ဝ၁၊ ထောက်ခံမဲ ၄ဝဝ

၂၊ ဝက်လွတ်အုပ်စု သဌေးကုန်းနှင့် ရုံးဆိပ် - ကန့်ကွက်မဲ ၁၅၇၊ ထောက်ခံမဲ ၅၅၊ ပယ်မဲ ၇

၃။ ထနောင်းကုန်း - ကန့်ကွက်မဲ ၂၁ဝ၊ ထောက်ခံမဲ ၂၁၃၊ ပယ်မဲ ၎

 ဒေသခံ (၂)

"တချို့ရွာတွေမှာဆို ကိုယ်တိုင် မထည့်လိုက်ရဘူး။ ဥပမာ ဗူးကျွန်းရွာက မဲရုံမှာ စစ်တပ်နဲ့ ရဲတွေ စောင့်တာ။ တကယ်တော့ အနိုင်ရမှာ။ ဘာဖြစ်လို့ ရှုံးရတာလဲဆိုတော့ မဲထည့်သူတွေ ကိုယ်တိုင် မခြစ်လိုက်ရဘူး။ မဲရုံမှူး မူလတန်း ကျောင်းအုပ် ဦးမြင့်စိုး ကိုယ်တိုင် အမှန်ခြစ်ပေးနေတာ။ နောက် မဲရုံမှူး လက်မှတ်မပါတဲ့ ထောက်ခံမဲကို ပေါင်းပြီးတော့ မတရား လုပ်နေတယ်။ ရွာသားတွေက မခံချင်ကြဘူး"

 "(ဃ) ကျေးရွာအုပ်စု ဂွေးကုန်းရွာသားတွေလည်း ဘော်ပင်တောင် မကိုင်လိုက်ရဘူး။ ရဝတ (ရယက) ဥက္ကဋ္ဌ ဦးမြစိန်၊ သူ့ဇနီး ဒေါ်သန်းကြည်က ကြက်ခြေခတ်ရင် ထောင် ၃ နှစ်ကျမယ် ပြောတော့ ရွာသားတွေက အကုန်ကြောက်ပြီး အမှန်ခြစ်ကြတယ်"

 "ချန်ကန်ကျေးရွာအုပ်စု ဝက်ခေါင်းရွာ၊ မကျီးကန်ရွာ၊ အလယ်ကုန်းရွာတွေမှာ ရွာလုံးကျွတ်က ရွာသားတွေ မဲကို တဦးတယောက်မှ သွားမထည့်ရဘဲ ရယက ဥက္ကဋ္ဌ ကိုင်တိုင် အမှန်ခြစ်တာ။ 'မင်းတို့ အကုန်ထည့်ပြီး သွားပြီ' လို့ ပြောတယ်လေ။ ကျမတို့ရွာက အိမ်ခြေဆိုရင် ၄ဝဝ လောက် ရှိတယ်"

ဦးသန်းအောင် (မြို့နယ်စည်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)

"အနိုင်ရတဲ့ ကျေးရွာတွေ ရှိပါတယ်။ ရှုံးတဲ့ရွာတွေကလည်း မသမာမှုကြောင့်သာ ရှုံးတာပါ။ ခြောက်လှန့်၊ မဲ ဓားပြတိုက်မှုတွေ လုပ်တဲ့အထဲက ကန့်ကွက်မဲ ထွက်လာတယ်ဆိုတာ ကျနော်တို့အဖွဲ့က ပြီးခဲ့တဲ့ မဲပေးပွဲမတိုင်ခင် ရွာသားတွေကို စည်းရုံးလှုံ့ဆော်တဲ့ အကျိုးဆက်လို့ ကျနော် ယုံကြည်တယ်၊ မြင်တယ်"

 
အောင်လံမြို့နယ်


အောင်လံဒေသခံ (၁) 

"ဒီမှာတော့ မဲမသမာမှုကတော့ နည်းလမ်းပေါင်းစုံပါပဲ။ အမှန်ကတော့ ၁ဝ ရက် မတိုင်ခင် ကြိုတင်မဲ ယူထားတာတွေကြောင့်ပါပဲ။ မြို့နယ် ပညာရေးမှူး ဦးကိုကိုက တမြို့နယ်လုံးမှာရှိတဲ့ ကျောင်းဆရာ၊ ဆရာမ၊ မဲရုံမှာ တာဝန်ကျသူတွေ အားလုံးကို ကြိုတင်မဲပေးဖို့ ခေါ်တယ်။ ထည့်ခိုင်းတယ်။ 'အမှန်ခြစ်ပါ။ ကန့်ကွက်မဲ ထည့်မယ်ဆိုရင် အိမ်ကနေ ထွက်စာပါ ယူခဲ့' လို့ ပြောတယ်။ အားလုံးက အမှန်မဲကိုပဲ ထည့်ခဲ့ရတယ်။ ဦးကိုကိုရဲ့ လုပ်ရပ်ဟာ လျှို့ဝှက်မဲပေးရေး ကော်မရှင်ရဲ့ဥပဒေကို ချိုးဖောက်လိုက်တယ်လေ။ ဒီလုပ်ရပ်ဟာ ဆန္ဒခံယူပွဲ တခုလုံးကို ဖျက်ဆီးပေးလိုက်တာ ဖြစ်တယ်လေ"

 "မဲထည့်ရမယ့် လူစာရင်းကို၊ နံပါတ်ကပ်ပြားကို အိမ်တွေလိုက်ပေးတယ်။ လိုက်ပေးတာကို စန်းကလေးကျေးရွာအုပ်စု ကျောင်းစု၊ ရွာမ၊ ရေသွင်းစုရွာ တွေဆိုရင် တမင်ချန်ခဲ့တယ်။ မဲထည့်လို့ရတဲ့ လူ ၃ဝ လောက်ကို ချန်ထားတယ်။ မဲရုံက မဲပေးစာရင်းမှာ မပါလို့ဆိုပြီး လက်မခံနိုင်ဘူးလို့ ပြောတယ်။ အဲဒီလူတွေက ကန့်ကွက်မဲ ထည့်မယ့် အုပ်စုတွေဆိုတာ သိနေလို့ပါ၊ အများက မဲရုံကို မရောက်တာများတယ်။ တချို့လာတဲ့ လူတွေကိုဆိုရင် သူတို့ကိုယ်တိုင် ကောက်ခြစ်ပေးပြီး ပုံးထဲ ထည့်လိုက်တာပဲလေ"

ပန်းတောက်ကုန်းကျေးရွာအုပ်စုရှိ ကျေးရွာများ


တန်ဖိုး၊ ပန်းတောက်ကုန်း၊ ပန်းသမ - ကန့်ကွက်မဲ ၄၉ဝ၊ ထောက်ခံမဲ ၄၂၅၊ ပယ်မဲ ၂၄ဝ

 အောင်လံဒေသခံ (၂)

"မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ၊ စည်ပင်က ဦးအောင်ရှည်၊ မဲပုံးကို လေဟာပြင်မှာ ချထားပြီးတော့ မဲထည့်လူတွေကို အမျိုးသမီးတယောက်က ဇွတ် ခြစ်ခိုင်းတယ်။ တအိမ်ထောင်မှာ ဘယ်နှစ်ယောက်ရှိရှိ တယောက်ပဲ သွားထည့်ခိုင်းတယ်။ မယက ဥက္ကဋ္ဌ ဦးဌေးကျော် ကိုယ်တိုင်က မြို့နယ်တိုင်းမှာ ခြိမ်းခြောက်ပြီးတော့ ထောက်ခံမဲ ယူတယ်။ အမျိုးသမီးအဖွဲ့က ဒေါ်ကေသီကလည်း မြို့တော်ခန်းမမှာ သူကိုယ်တိုင် ရေးခြစ်ပြီး ထည့်ခိုင်းတယ်လေ"

အောင်လံဒေသခံ (၃) 


"လုံခြုံစိတ်ချရတဲ့ မဲပေးစနစ် မဟုတ်တာကို တွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ မဲပုံးနားမှာ ရှိတဲ့ ကျောင်းဆရာမတွေ ကိုယ်တိုင် ဒီမှာ ခြစ်လိုက်ပါ၊ အခန်းထဲတောင် မဝင်ရဘဲ အပြင်စားပွဲမှာပဲ သူတို့ ကောက်ခြစ်၊ SB က ဓာတ်ပုံရိုက်နေတာတို့၊ စောင့်ကြည့်နေတာတို့ ရှိတော့ ရွာသားတွေက ကြောက်တာပေါ့။ ရွာသူကြီးတွေ ကိုယ်တိုင်က 'တရွာလုံး တောထဲ ရွှေ့လိုက်မယ်၊ တရွာလုံး အမဲစက်ရှိသွားမယ်၊ ထောင်ဒဏ် ၃ နှစ် ကျခံရမယ်' ဆိုပြီး ခြိမ်းခြောက်တယ်လေ"

ရပ်ကွက်များ

၁။ ကန်ကြီး - ထောက်ခံမဲ ၄၄၈၊ ကန့်ကွက်မဲ ၃၃၃၊ ပယ်မဲ ၁၈

၂။ သရက်တော - ထောက်ခံမဲ ၁၁၆၉၊ ကန့်ကွက်မဲ ၂၃၈၊ ပယ်မဲ ၁၄

၃။ သရောကုန်း မဲရုံ (၁) - ထောက်ခံမဲ ၉၁၄၊ ကန့်ကွက်မဲ ၃၈၁၊ ပယ်မဲ ၁၈

မဲရုံ (၂) - ထောက်ခံမဲ ၄၄၂၊ ကန့်ကွက်မဲ ၄၉၆၊ ပယ်မဲ ၁၄

၎။ ရထောင် မဲရုံ (၁) - ထောက်ခံမဲ ၁၃၈၉၊ ကန့်ကွက် ၄၉၆၊ ပယ်မဲ ၁၂၆

မဲရုံ (၂) - ထောက်ခံမဲ ၁၄၃၉၊ ကန့်ကွက်မဲ ၆၁၃၊ ပယ်မဲ ၄၃

၅။ ဇေယျဝတီ မဲရုံ (၁) - ထောက်ခံမဲ ၁၂၆၄၊ ကန့်ကွက် ၄ဝ၅

မဲရုံ (၂) - ထောက်ခံမဲ ၉၂၁၊ ကန့်ကွက်မဲ ၃၄၉၊ ပယ်မဲ ၁၃၆

၆။ စက်ရုံ မဲရုံ (၁) - ထောက်ခံမဲ ၁၄ဝ၃၊ ကန့်ကွက်မဲ ၉၈ဝ၊ ပယ်မဲ ၄၅

မဲရုံ (၂) - ထောက်ခံမဲ ၁၆၆၅၊ ကန့်ကွက်မဲ ၅ဝ၄၊ ပယ်မဲ ၁၁ဝ

၇။ စန်းချောင်း မဲရုံ (၁) - ထောက်ခံမဲ ၁၂၄၃၊ ကန့်ကွက်မဲ ၆၃၅၊ ပယ်မဲ ၄၃

မဲရုံ (၂) - ထောက်ခံမဲ ၈၈၃၊ ကန့်ကွက်မဲ ၅၁ဝ၊ ပယ်မဲ ၈၂

၈။ ဝန်ထမ်းမဲရုံတွင် စက်မှုလယ်ယာပိုင် ဝန်ထမ်းများက - ထောက်ခံမဲ ၅ဝ၉၊ ကန့်ကွက်မဲ ၉၉

 
ဆင်ပေါင်ဝဲမြို့နယ်ရှိ ကျေးရွာများ

၁။ ချင်းစခန်းကြီး - ထောက်ခံမဲ ၄၂ဝ၊ ကန့်ကွက်မဲ ၂၈ဝ

၂။ အင်းလေးအုပ်စု - ထောက်ခံမဲ ၁၃ဝဝ၊ ကန့်ကွက်မဲ ၇၁

၃။ ဖွတ်ချီးထိုး - ထောက်ခံမဲ ၅ဝဝ၊ ကန့်ကွက်မဲ ၂ဝဝ

၎။ ရွှေပန်းတောအုပ်စု - ထောက်ခံမဲ ၁၅ဝ၅၊ ကန့်ကွက်မဲ ၆၃ဝ၊ ပယ်မဲ ၂၄

၅။ ရွှေပန်းတောတိုက်နယ်ရှိ ဗျန်ဒီ၊ ဗရဲနှင့် ဇိမ့်ကျေးရွာများတွင် ရွာလုံးကျွတ် ကန့်ကွက်မဲ ၃ဝ၇၅

 
ကျောက်ပန်းတောင်းမြို့နယ်


(ကျောက်ပန်းတောင်းမြို့နယ်ရှိ ရေပေါ်ရွာသားများသည် ဆန္ဒမဲလက်မှတ်ကို ကိုင်ဆောင်ခွင့်ပင် မရဘဲ ကျေးရွာအာဏာပိုင်များက မဲထည့်ခြင်းကိစ္စ ပြီးစီးပြီဖြစ်ကြောင်း ပြောသည်။ ရွာသား ၃ဝဝ ထောက်ခံမဲ ထည့်ပြီးသား ဖြစ်သွားခဲ့သည်။)

 
တောင်တွင်းကြီးမြို့နယ်


ဒေသခံ (၁)


"ကျနော်တို့ တောင်တွင်းကြီးမှာက ၁ဝ ရပ်ကွက်ရှိတယ်။ တရပ်ကွက်မှာ မဲရုံ တရုံနှစ်ရုံ ရှိတယ်။ တချို့မဲရုံတွေဆိုရင် လုံးဝ ကြည့်ခွင့်မပေးဘူး။ ဦးဘိုနီ သွားကြည့်တော့ စာရေးမ ဒေါ်ဋ္ဌေးဋ္ဌေးက မယကကို ဖုန်းဆက်တော့ ကြည့်ခွင့်မပေးနိုင်ဘူးလို့ ပြောတယ်။ တချို့ ရပ်ကွက်သားတွေ ကြည့်မယ်ဆိုရင် လည်း ကြည့်ခွင့်မပေးဘူး"

 "အုန်းတော ၁ ရပ်ကွက်က ယမက ဥက္ကဋ္ဌ ကိုသန့်ဇင်လည်း လာသမျှလူတွေကို အမှန်ခြစ်လည်း လုပ်ခိုင်းတယ်။ ကြက်ခြေခတ်သူတွေကို တချို့ဆိုရင် စကားများခဲ့ရတယ်။ ၃-၄ ယောက် ရှိတယ်။ တချို့ဆိုရင် မဲရုံကို သွားချင်တာ မသွားခိုင်းဘဲနဲ့ ဒီမှာပဲ ခြစ်လိုက်ပါဆိုပြီး ခြစ်ခိုင်းတယ်။ အုန်းတောရပ်ကွက်ထဲက ဦးဗိုလ်ထွန်းထွန်း ဆိုသူကလည်း ခြစ်ထားတဲ့ မဲပြားပေါ်မှာ သူပါလာတဲ့ဘောပင်နဲ့ အကြီးခြစ်လိုက်တာကို မယက တွေက ဘာဖြစ်လို့ လုပ်တာလဲဆိုပြီး စကားများတာတွေ ရှိခဲ့တယ်။ အကုန်လုံးကို အမှန်ခြစ်ပေးပြီး ထည့်ပေးလိုက်တယ်။ ကျေးရွာတွေဆိုရင် မဲတောင် မမြင်ရဘဲနဲ့ ပြီးပြီဆိုပြီး ထည့်ပေးလိုက်တယ်လေ"

ရပ်ကွက်များ


၁။ မောင်တိုင် (၁) - ထောက်ခံမဲ ၈၃၃၊ ကန့်ကွက်မဲ ၅၈၊ ပယ်မဲ ၂၅

၂။ ရွှေကြာအင်း (၂) - ထောက်ခံမဲ ၅၅၈၊ ကန့်ကွက်မဲ ၂၆၃၊ ပယ်မဲ ၁၄ ၊ (၂၇၅ မဲ လာမပေး)

၃။ ရွှေအိုး (၂) - ဆန္ဒမဲပေးနိုင်သူများ ၆၇၇ အနက် ထောက်ခံမဲ ၄၃၄၊ ကန့်ကွက်မဲ ၂၁၇၊ ပယ်မဲ ၂၆ (ကြိုတင်မဲ ၃ဝဝ)

၎။ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများ - မဲပေးနိုင်သူ ၉၂၅ အနက် ထောက်ခံမဲ ၈၃၊ ကန့်ကွက်မဲ ၇၉၊ ပယ်မဲ ၁၂

 တဖန်းကုန်းကျေးရွာ ဒေသခံ

"ကျေးရွာက ၇ဝ ကျော် ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ဘက်မှာ ၉ ရက်နေ့ကနေ ဖုန်းလိုင်း ဖြတ်ထားလိုက်တယ်။ သူတို့ဘက်က မသမာမှုတွေ လုပ်တော့မယ်ဆိုတာ သူတို့ကိုယ်သူတို့ သိနေတယ်လေ။ သူတို့က မဲရုံတိုင်းမှာ ကင်မရာ တလုံး၊ နှစ်လုံး၊ တချို့မဲရုံဆို ၃ လုံး ထည့်ထားတယ်။ ထောက်ခံမဲ ခြစ်ပြီးသား ထည့်ခိုင်းတယ်"
 

သူတို့စကား

"နာဂစ်မုန်တိုင်း၏ ပျက်စီးဆုံးရှုံးမှု သေဆုံးခဲ့ရမှုများကို သင်ခန်းစာရယူပြီး ယခင်က ဖြစ်သလိုနေ၊ ဖြစ်သလိုစားသည့် စိတ်ဓာတ်ကို ပယ်ဖျက်ကာ လုံ့လဝီရိယထား၍ အလုပ်ကို ကြိုးစားလုပ်ကြစေလိုကြောင်း"

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်
ဖျာပုံမြို့နယ် ခရီးစဉ်အတွင်း ပြောကြားချက်

© Copyright 1998 - 2008 Mizzima News. All Rights Reserved