အထူးကဏ္ဍ ဆန္ဒခံယူပွဲအထူး မဲရလာဒ် အနည်းငယ် ထွက်ပေါ်
မဲရလာဒ် အနည်းငယ် ထွက်ပေါ် Print E-mail
နန်းဒေဝီ   
တနင်္ဂနွေနေ့၊ မေလ 11 2008 19:20 - မြန်မာစံတော်ချိန်

နယူးဒေလီ။     ။ အခြေခံဥပဒေ မူကြမ်းဆန္ဒ္ဒခံယူပွဲနှင့် ပတ်သက်၍ မဲအဖြေမှာ နှစ်အချိုးတစ်ဟု မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းရှိ မဲပေးသူများက အတည်ပြုကြသည်။

တရားမဝင် ထွက်ပေါ်လာသောအဖြေအရ ရှမ်းပြည်နယ်တခွင်၌ ကန့်ကွက်မဲပေးကြသည်။

တနင်္ဂနွေနေ့တွင်ရရှိသော အဖြေမှာ တနိုင်ငံလုံးမဲအရေအတွက်၏ အစိတ်အပိုင်းမျှသာ ဖြစ်သည်၊ အခြေခံဥပဒေ မူကြမ်းဆန္ဒ္ဒခံယူပွဲ နောက်ဆုံးမဲရလာဒ် အဖြေမှာ လာမည့်ရက်သတ္တနှစ်ပတ်အတွင်း ကြေညာလိမ့်မည်ဟု မျှော်လင့်၍ မရပါ။

မြန်မာနိုင်ငံအလယ်ပိုင်း ရှိ မန္တလေးတိုင်း မြင်းခြံမြို့နယ်တွင်း ရှိ မဲဆန္ဒ္ဒနယ် ၇ နယ်တွင် ထောက်ခံမဲနှင့် ကန့်ကွက်မဲ အချိုးမှာ နှစ်အချိုးတစ် ဖြစ်သည်။ ထောက်ခံမဲအရေအတွက်မှာ ၈၈၆၆ (၆၇ ရာနှုန်း) ဖြစ်ပြီး ကန့်ကွက်မဲမှာ ၄၂၃၁ (၃၂ ရာနှုန်း) နှင့် ပယ်မဲမှာ ၆၇ မဲ ဖြစ်သည်။ သို့သော် မဲအဖြေနှင့် ပတ်သက်၍ မတရားဟု အချို့ နယ်မြေခံများက ပြောဆိုကြသည်။

မဲရုံမှူးသည် မဲပုံးအား လုံးဝပိတ်မထားပဲ မဲထည့်သူမဲထည့်ပြီးသည်နှင့် မဲပြားအား စစ်ဆေးကြည့်သည်ဟု အမည်မဖော်လိုသော နယ်မြေခံက ပြောသည်။ မဲရုံမှူးသည် ကန့်ကွက်မဲ ၃ဝ ခန့်အား ပယ်မဲအဖြစ် သတ်မှတ်သည်။

"မဲအဖြေက ၅ဝ ၅ဝ ဖြစ်သင့်တယ် ဘာဖြစ်လို့လဲဆိုတော့ အချို့မဲရုံတွေမဲအရေအတွက်ကို ကျနော်တို့မသိရဘူး" ဟု မဲထည့်ခြင်းအား လိုက်လံစောင့်ကြည့်သည့် သူတစ်ယောက်က ပြောသည်။ မဲလိမ်ခြင်းအား ရိုက်ကူးထားသည့် ဗီဒီယိုမှတ်တမ်းအား သူတို့ထုတ်မည်ဟု သူက ဆက်ပြောသည်။

ကချင်ပြည်နယ်တွင်းရှိ ကေအိုင်အိုထိန်းချုပ် နယ်မြေတနေရာနှင့် အခြားမြို့နယ် ၄ ခုတွင်လည်း အလားတူ အဖြေထွက်ခဲ့သည်။ ကချင်သတင်းအဖွဲ့ အဆိုအရ နယ်မြေ ၅ ခုတွင် ၆၂ ရာနှုန်းမှာ ထောက်ခံမဲဖြစ်ပြီး ၃၂ ရာခိုင်နှုန်းမှာ ကန့်ကွက်မဲ ဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ် ၂ ခုတွင် ကန့်ကွက်မဲ ထည့်ကြသည်။

မူဆယ်နှင့်နမ်းခမ်းမြို့နယ်တွင် ကန့်ကွက်မဲ ၆၇ ရာခိုင်နှုန်း နှင့် ထောက်ခံမဲမှာ ၂၉ ရာခိုင်နှုန်းဖြစ်သည်၊ မဲ ၇၂၁ မဲ သို့မဟုတ် ၄ ဒဿမ ၅ ရာခိုင်နှုန်းမှာ ပယ်မဲဖြစ်သည်ဟု မဲရေတွက်ရာတွင် စောင့်ကြည့်သည့် ဒေသခံတဦးက ပြောသည်။

မကွေးတိုင်း ရေနံချောင်းမြို့နယ်တွင် ထောက်ခံမဲ ၅၃ ရာခိုင်နှုန်းနှင့် ကန့်ကွက်မဲ ၄၄ ရာခိုင်နှုန်း ဖြစ်သည်။

ဆန္ဒ္ဒ္ဒခံယူပွဲ မတိုင်ခင် ကချင်ပြည်နယ်မြစ်ကြီးနားမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၁ဝဝဝဝဝ ၏ နာမည်များကို စာရင်းမှ ဖယ်ထုတ်ခဲ့သည် ဟု ကချင်သတင်းအဖွဲ့မှ ပြောသည်။

ဝိုင်းမော်မြို့နယ် စဒန် မှ ရာပေါင်းများစွာသော မဲပေးသူများ မဲရုံသို့ရောက်ရှိပြီးမှ မဲမထည့်ရပဲ မောင်းထုတ်ခံခဲ့ရသည် ဟု မဲရုံစောင့်ကြည့်သူတဦးမှ  Mizzima အားပြော သည်။

မန္တလေးတိုင်း မိတ္ထီလာမြို့နယ်တွင် သုံးပုံနှစ်ပုံမှာ ထောက်ခံမဲဖြစ်သည်ဟု ဒေသခံက ပြောသည်။
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved