ဗုဒ္ဓဟူး, ၂၃ မေ ၂၀၁၂

Mizzima Burmese

Home > အထူးကဏ္ဍ > ၂၀၁၀ ရွေးကောက်ပွဲ > ၂၀၁၀ မတ်လတွင် ရွေးကောက်ပွဲလုပ်ရန် စစ်အစိုးရ လျာထား

၂၀၁၀ မတ်လတွင် ရွေးကောက်ပွဲလုပ်ရန် စစ်အစိုးရ လျာထား

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


နယူးဒေလီ (မဇ္ဈိမ)။ ။ ၂၀၁၀ ခုနှစ် မတ်လတွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် စစ်အစိုးရက လျာထားကြောင်း နေပြည်တော် သတင်းရပ်ကွက်များ အပြောအရ သိရသည်။

နိုင်ငံရေးပါတီများ ဖွဲ့စည်းခွင့်ကို သတ်မှတ်ပေးမည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် အချိန်ဇယားကို စစ်အစိုးရက အများသိအောင် ထုတ်ပြန်ကြေညာခြင်း မရှိသေးသော်လည်း လာမည့်နှစ် မတ်လအတွင်း ရွေးကောက်ပွဲ လုပ်သွားရန် ထိပ်တန်း စစ်ခေါင်းဆောင်များက စီစဉ်ထားသည်ဟု ဆိုသည်။

တရုတ်-မြန်မာ နယ်စပ်အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကလည်း ၂၀၁၀ ခုနှစ် ပထမလေးလပတ်အတွင်း ရွေးကောက်ပွဲ ပြုလုပ်ဖွယ် ရှိသည်ဟု ပြောသည်။

သူက ”ကျနော် နားလည်သလောက် ၂၀၁၀ ပထမ လေးလပတ်ထဲမှာ ရွေးကောက်ပွဲ လုပ်လိမ့်မယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ လာမယ့် လေးလပတ် အစည်းအဝေးမှာ ဆွေးနွေးကြဖို့ ရှိတယ်” ဟု ပြောသည်။

မြန်မာ စစ်ခေါင်းဆောင်များသည် လေးလပတ် အစည်းအဝေးလုပ်ရန် စိုင်းပြင်းနေပြီး၊ ယခုလ ၆ ရက်နေ့မတိုင်မီ တိုင်းမှူးများ နေပြည်တော်သို့ ရောက်ကြောင်း သတင်းပို့ရန် မှာကြားထားသည်ဟု သတင်းရပ်ကွက်များက ဆိုသည်။

ဆွေးနွေးပွဲတွင်း ပုံမှန်ဆွေးနွေးနေကျ ကိစ္စရပ်များအပြင် ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲဥပဒေ၊ စစ်တပ်ရာထူး အပြောင်းအလဲများနှင့် ငြိမ်းအဖွဲ့များနှင့် ဆက်ဆံရေးတို့လည်း ပါဝင်ဖွယ်ရှိသည်ဟု ဦးအောင်ကျော်ဇောက ပြောသည်။

စစ်ဘက်ခေါင်းဆောင်များအတွင်း ရွေးကောက်ပွဲ ဥပဒေကို အလျင်အမြန် ကြေညာလိုသူနှင့် ဆိုင်းငံ့ထားလိုသူ ဆိုပြီး နှစ်ပိုင်းကွဲနေကာ လာမည့် ဆွေးနွေးပွဲတွင် နှစ်ဖက်အမြင်ကို ဖလှယ်ပြီးနောက် ဧပြီလ ပထမ သီတင်းပတ် မတိုင်မီ ကြေညာဖွယ် ရှိသည်ဟုလည်း သူက ဆိုသည်။

ဒုတိယ အကြောင်းအရာက မည်သူ့ကို ၀န်ကြီးဌာနများတွင် ခန့်အပ်ပြီး၊ မည်သူ့ကို အငြိမ်းစားပေးကာ ရွေးကောက်ပွဲတွင် ၀င်ပြိုင်ခိုင်းမည်ဟူသော အချက်များဖြစ်သည်။

တတိယ အချက်မှာမူ အပစ်အခတ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား မည်ကဲ့သို့ ကိုင်တွယ်သွားမည်ဟူသည့် အချက်ဖြစ်သည်။

”သေချာတာကတော့ စစ်အုပ်စုက အပစ်အခတ်ရပ် သဘောတူညီချက် ပျက်သွားမှာစိုးတော့ ငြိမ်းအဖွဲ့တွေကို ဖိအားမပေးရဲဘူး” ဟု ဦးအောင်ကျော်ဇော်က ပြောသည်။

သို့သော်လည်း မီဒီယာမှတဆင့် လှည့်စားကာ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းအောင်လည်း လုပ်နိုင်ခြေရှိသည်ဟု သူက ဆက်ပြောသည်။

ဦးအောင်ကျော်ဇောက ”သူတို့ စီမံကိန်း ချထားပေမယ့်လည်း အချိန်ဇယားကို ပြောင်းပြီး မီဒီယာတွေကို လှည့်စားတာမျိုးလည်း လုပ်တတ်တယ်” ဟု ပြောသည်။


 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 605 guests online