အောင်သူရဲ့ သွင်းဂိုးတွေနဲ့ ဆီးဂိမ်းအုပ်စုပွဲ အဖွင့်လှခဲ့တဲ့ မြန်မာ

ဒီနေ့မှာ မြန်မာ ယူ-၂၂ အမျိုးသားဘောလုံးအသင်းက ၂၀၁၇ မလေးရှား ဆီးဂိမ်း အုပ်စုအဖွင့်ပွဲစဉ်အဖြစ် စင်ကာပူအသင်းနဲ့ ယှဉ်ပြိုင်ကစားရာ တိုက်စစ်မှူး အောင်သူရဲ့ သွင်းဂိုး နှစ်ဂိုးနဲ့ မြန်မာအသင်း အနိုင်ရရှိကာ အဖွင့်ပွဲစဉ်မှာ အဖိုးတန် ရမှတ်(၃)မှတ်ကို ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ပါတယ်။
မြန်မာအသင်းဟာ အုပ်စု ဒုတယပွဲစဉ်အဖြစ် သြဂုတ်လ ၁၆ ရက်၊ မြန်မာစံတော်ချိန် ည ရး၁၅ မှာ လာအိုအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
ဆီးဂိမ်း အုပ်စု(က)မှာ မြန်မာအသင်းက အိမ်ရှင်မလေးရှား၊ စင်ကာပူ၊ ဘရူနိုင်းအသင်းတို့နဲ့ တစ်အုပ်စုထဲ ကျနေပါတယ်။
ဆီးဂိမ်းပြိုင်ပွဲ အမျိုးသားဘောလုံးအသင်း အုပ်စု(က) ပွဲပြီးရလဒ်
မြန်မာ ၂-၀ စင်္ကာပူ
 အောင်သူ ၄၅၊ ၆၀ မိနစ်
မြန်မာ ယူ-၂၂ အသင်း ဆက်လက်ယှဉ်ပြိုင်ကစားမည့် ဆီးဂိမ်း အုပ်စုပွဲစဉ်များ
၁၆-၈-၂၀၁၇ မြန်မာ - လာအို (၇း၁၅) MRTV
၁၈-၈-၂၀၁၇ ဘရူနိုင်း - မြန်မာ (၂း၃၀) MRTV
၂၁-၈-၂၀၁၇ မလေးရှား - မြန်မာ (၇း၁၅) MRTV
(ဓာတ်ပုံ - Myanmar Football Federation)