ဒေါ်အောင်ဆန်းစုကြည်နှင့် ကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

မြန်မာနိုင်ငံသို့ရောက်ရှိနေသော အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr.Tony Blinken သည် နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ ကော်မတီဆောင် I-12တွင် ဇန်နဝါရီ ၁၈ရက်၊ မွန်းလွဲပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံမှုတွင် Mr.Tony Blinken အပါအဝင် အမေရိကန်သံအမတ် ဒဲရစ်မစ်ချဲလ် အပါအဝင် NLDဘက်မှ ဦးဝင်းထိန်၊ ဒေါက်တာဇော်မြင့်မောင်၊ ဦးဝင်းမြင့်နှင့် ဦးဖြိုးဇေယျာသော်တို့ တက်ရောက်ကြသည်။ "လာပြီး အခြေအနေလာမေးတာပါ၊  Transition ကို ဘယ်လိုကူညီရမလဲဆိုတဲ့ ဒါအဓိကပါပဲ" ဟု တွေ့ဆုံမှုအပြီး ဦးဝင်းထိန်က သတင်းထောက်များကို ပြောသည်။
(ဓာတ်ပုံ - မင်းမင်း/ #မဇ္ဈိမသတင်းဌာန)