အမျိုးသားစာပေတစ်သက်တာဆုရှင် စာရေးဆရာမကြီး (ဒေါ်) ခင်ဆွေဦး၏ (၈၃) နှစ်ပြည့် မွေးနေ့မင်္ဂလာအခမ်းအနား

အမျိုးသားစာပေတစ်သက်တာဆုရှင် စာရေးဆရာမကြီး (ဒေါ်) ခင်ဆွေဦး၏ (၈၃) နှစ်ပြည့် မွေးနေ့မင်္ဂလာအခမ်းအနားနှင့် အနုပညာဆည်းဆာရိပ်သို့ ဧရာဝတီဖောင်ဒေးရှင်းမှ အရေးပေါ်လူနာတင်ယာဉ်တစ်စီး ပေးအပ်လှူဒါန်းခြင်းအား ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ ရွှေနံ့သာစံပြကျေးရွာရှိ မြရွှေပင်သဒ္ဓမ္မသုခဓမ္မရိပ်သာ အနုပညာဆည်းဆာရိပ်၌ ဒီဇင်ဘာ ၆ ရက် နံနက် ၁၀နာရီမှ ၁၂နာရီအထိ ကျင်းပခဲ့ပါသည်။ (ဓါတ်ပုံ - ကျော်ဟိန်း)