ဟိုတယ် နှင့် ခရီးလုပ်ငန်းရှင်များ နိုင်ငံခြားငွေလက်ခံကိုင်ဆောင်နည်း ရှင်းလင်းပွဲ

မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ စီစဉ်မှုဖြင့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းရှင်များကို နိုင်ငံခြားငွေ လက်ခံကိုင်ဆောင် သုံးစွဲရေး နည်းလမ်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည့် အခမ်းအနားကို ယနေ့ နိုဝင်ဘာ ၂၁ရက် နံနက် ၉နာရီ ၃၀ခန့်က ဗိုလ်တထောင်မြို့နယ် အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ဝန်ကြီးဦးဋ္ဌေးဦးမှ အဖွင့်စကားပြောကြားပြီး ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးဆက်အောင်မှ ဆက်လက် အသေးစိတ်ဆက်လက်ဆွေးနွေးခဲ့ပြီး မေးမြန်းသည်များကိုလည်းဖြေကြားခဲ့သည်။ အဆိုပါပွဲသို့ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင် များအသင်း အပါအဝင်အဖွဲ့အစည်း၁၄ခုမှ လူပေါင်း၂၅၀ခန့်တက်ရောက်ခဲ့ကြသည်။
(ဓာတ်ပုံ- ထက်ထက်နိုင်၊ ဖြိုးသီရိသူ)