ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်းတို့ ပြည်သူ့လွှတ်တော် အဆောက်အဦးတွင် တွေ့ဆုံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းတို့ ပြည်သူ့လွှတ်တော် အဆောက်အဦးတွင် နိုဝင်ဘာ ၁၉ ရက်၊ နံနက် ၉နာရီတွင် တွေ့ဆုံနေစဉ်။ (ဓာတ်ပုံ - သက်ကို/မဇ္ဈိမ)၊
အဆိုပါ တွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့အပြင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးနန္ဒကျော်စွာ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူး ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်နှင့် NLDပါတီမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာဇော်မြင့်မောင်တို့ ပါဝင်သည်။ ထို့တွေ့ဆုံမှုအပြီးတွင် ပူးတွဲသတင်းထုတ်ပြန်မည် ဖြစ်သည်။