UEC သတင်းစာရှင်းလင်းပွဲ

ရွေးကောက်ပွဲအနိုင်ရအမတ်လောင်းများနှင့် မဲအရေအတွက်ကို ထုတ်ပြန်ကြေငြာနေသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၁၁ရက်၊ ညနေ ၄နာရီတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်၊ နိုဝင်ဘာ ၉ရက်၊ ညနေ ၃နာရီကတည်းက အနိုင်ရအမတ်လောင်းစာရင်းကို စတင်ကြေငြာခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၁၊ ညနေ ၃နာရီအချိန်ထိ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ၄၅ဒဿမ ၁ရာခိုင်နှုန်း ထုတ်ပြန်ကြေငြာပြီးဖြစ်သည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ထုတ်ပြန်ပြီးသည့် ရလာဒ်များအရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းနှင့်ပြည်နယ်လွှတ်တော်များတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်ဖြင့် အနိုင်ရကာ အသာစီးရရှိနေသည်။ (ဓာတ်ပုံ - မင်းမင်း/မဇ္ဈိမ)