မဟာအောင်မြေမြို့နယ် နေထိုင်ခြင်း မရှိသည့် ကားခြောက်စီးဖြင့် လူတစ်ရာကျော် လာရောက်မဲပေးခြင်း ပြဿနာ

မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် မဟာမြိုင် ၁ ရပ်ကွက် မဲရုံတွင် အဆိုပါရပ်ကွက်အတွင်း နေထိုင်ခြင်း မရှိသည့် ကားခြောက်စီးဖြင့် လူတစ်ရာကျော် လာရောက်မဲပေးခြင်း ပြဿနာဖြစ်ပွားခဲ့သည်။
ကားလေးစီးနှင့် လူတချို့အား ဖမ်းမိ၍ မဟာအောင်မြေမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၌ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိသည်။
ဓါတ်ပုံ- ရွှေဘုတ် (Mizzima)