ကပ်ကြီး(၃)ပါး ကျော်လွှားရန် အဓိဌာန်ပြီး ကြံ့ခိုင်ရေးက ဦးဌေးဦး ဦးဆောင်ကာ နေပြည်တော်တွင် စတုဒီသာကျွေး

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ သမိုင်းဝင်ရန်အောင်မြင်ရွှေလက်လှစေတီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဒုတိယဥက္ကဌ(ပူးတွဲဥက္ကဌ)ဦးဌေးဦး ဦးဆောင်ကာ ဒေသခံများအား ကြက်သားအားလူးဟင်းဖြင့် ဒေသခံများကို အောက်တိုဘာ ၁၀ရက်က စတုဒီသာကျွေးမွေးခဲ့သည်။ "သစ္စာဓိဌာန်စတုဒီသာ ထူးခြားသောအဟာရအလှူတော်" ဟု အမည်ပေးထားသည့် အဆိုပါ စတုဒီသာကျွေးမွေးပွဲသည် စားသူရော လှူသူပါ ကျန်းမာချမ်းသာပြီး ကပ်ကြီးသုံးပါးမှ ကျော်လွှားနိုင်စေရန် အဓိဌာန်ဖြင့် လှူဒါန်းခြင်းဖြစ်သည်ဟု ဦးဌေးဦးက သတင်းထောက်များကို ပြောသည်။ သို့သော် အဆိုပါ အလှူသည် ရွေးကောက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိဟု ဦးဌေးဦးက ငြင်းဆိုသည်။ "မဲလိုချင်လို့ လုပ်တာမဟုတ်ပါဘူး။ ဒါစားပြီး မဲထည့်တာတော့ ဘယ်ဟုတ်မလဲ" ဟု ၎င်းက ဆိုသည်။ အဆိုပါ အလှူပွဲသို့ နိုင်ငံတော်သံဃမဟာနာယက ဥက္ကဌဆရာတော်ဖြစ်သော ဗန်းမော်ဆရာတော်နှင့် နတ်စင်တစ်ရာဆရာတော်တို့လည်း ကြွရောက်လာသည်ကို တွေ့ရသည်။ (ဓာတ်ပုံ-မင်းမင်း၊မဇ္ဈိမ)