"ပေးဆပ်မှုတွေ များပေမယ့် မြို့အတွက် မလုပ်ပေးတဲ့သူကို ဒို့မယုံကြည်"ဟု ကြံ့ခိုင်ရေး ပါတီဝင်များ မြောင်းမြမြို့တွင် လှည့်လည် စည်းရုံး

မြောင်းမြမြို့ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ မြို့တွင်းလှည်လည့် စည်းရုံးနေသည်ကို စက်တင်ဘာ ၁၈ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - စည်သူမောင်မောင်) ပါတီစည်းရုံးရေးတွင် လူထောင်နှင့်ချီပါဝင်သည်ကို တွေ့ရှိရပြီး "ပေးဆပ်မှုတွေ များပေမယ့် မြို့အတွက် မလုပ်ပေးတဲ့သူကို ဒို့မယုံကြည်" ဟု ပိုစတာများ ကိုင်ဆောင်ထားသူများကိုလည်း တွေ့ရသည်။
မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်အတွက် ကြံ့ခိုင်ရေးပါတီမှ ပြည်သူလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင့်ဆန်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာ စိုးမိုးသူ၊ ကရင်ပြည်သူ့ပါတီမှ ဦးစောစန်းဒို၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးရေးပါတီမှ ဦးရဲအောင်၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ ဦးအောင်မျိုးလှိုင်တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။