မသန်သော်လည်း စွမ်းသူများအတွက် နေရာမပေးတဲ့ မြန်မာပြည်

စက်တင်ဘာ ၁၅ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို လွှတ်တော်တွင် ကျင်းပရာ မသန်စွမ်းသူ တစ်ဦး အခမ်းအနားသို့ တက်ရောက် လာသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - မင်းမင်း)
၂၀၁၅ ခုနှစ်အတွင်း ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရာ လူဦးရေ ၅၁ သန်းရှိသည့် မြန်မာနိုင်ငံတွင် မျက်မမြင်သူ၊ နားမကြားသူ၊ ဉာဏ်ရည် ချို့တဲ့သူ၊ ကိုယ်လက် အင်္ဂါ မသန်စွမ်းသူ စုစုပေါင်း ၃၇ သိန်းရှိနေသည်။
အဆိုပါ မသန်စွမ်းသူများအတွက် ပုံတွင် တွေ့ရသကဲ့သို့ နိုင်ငံ၏ အထင်ကရဖြစ်သော လွှတ်တော်သို့ သွားရောက် လည်ပတ်ရန် မလည်ကူသည်ကို တွေ့ရသည်။ အလားတူ မြို့ကြီးများရှိ ပလက်ဖေါင်းများ၊ ဆေးရုံများ၊ ဆေးခန်းများသည်လည်း သာမန်လူပင် သွားလာ၍ မလွယ်ကူဘဲ မြင့်လွန်းနေခြင်း၊ ပေါက်ပြဲနေခြင်း၊ ကုန်းလျော လုပ်ထားမပေးခြင်း၊ လမ်းမီးတိုင်များနှင့် ဆိုင်းကြိုးများ ပလက်ဖေါင်း လူသွားလမ်းပေါ် ရောက်နေခြင်းတို့ကို နေရာအနှံ့အပြားတွင် တွေ့မြင်နိုင်သည်။