တရားစီရင်ရေးတွင် စစ်ဘက်မှပြောင်းလာသူများကို အလိုမရှိကြောင်း ဆက်လက်ကန့်ကွက်

တရားစီရင်ရေးကဏ္ဍတွင် တပ်မတော်အရာရှိများအား ခန့်အပ်သည့်အပေါ် ကန့်ကွက်သည့်အနေဖြင့် ပျဉ်းမနားမြို့နယ်တရားရုံးရှေ့တွင် ရှေ့နေများက အဝါရောင်ဖဲကြိုများတပ်ဆင်ကာ စက်တင်ဘာ ၁၀ရက်က လှုပ်ရှားနေစဉ်။ (ဓာတ်ပုံ - မင်းမင်း၊ မဇ္ဈိမ)၊
အဆိုပါ လှုပ်ရှားမှုကို ယမန်နေ့က စတင်ခဲ့ခြင်းဖြစ်ပြီး နေပြည်တော်ရှိ တရားရုံးအားလုံးတွင် ဆက်လက်လုပ်ဆောင်သွားမည်ဟု လှုပ်ရှားသူများက ပြောသည်။ ကန့်ကွက်လှုပ်ရှားသူများ၏ လက်ကမ်းစာစောင် တွင် "တရားရုံး၊ တရားစီရင်ရေးတို့နဲ့ ပတ်သက်သူအားလုံးကို  စစ်ဩဇာအောက်သွင်းမယ့်ခြေလှမ်းမို့ အားလုံးဆန့်ကျင်ရပါမယ်" ဟု ရေးသားထားသည်။