ဗိုလ်ချုပ်မှူးကြီး အစ္စရေးရှိ Holocaust ပြတိုက်သို့ သွားရောက် လေ့လာ၊ အစ္စရေးကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံ

မဇ္ဈိမ ၊စက်တင်ဘာ ၈ ရက် ။            ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၆ ရက်နေ့က အစ္စရေးနိုင်ငံရှိ Holocaust ပြတိုက်သို့ သွားရောက်လေ့လာ ခဲ့သည်။ Holocaust ပြတိုက်တွင် ဒုတိယကမ္ဘာစစ်အတွင်း ကမ္ဘာ့အနှံ့အပြား၌ သေဆုံးခဲ့ရသည့် ဂျူးလူမျိုး ၆ သန်းအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ပန်းခွေချခဲ့သည်။
စက်တင်ဘာ ၇ ရက်၌ ဒေသစံတော်ချိန် နံနက် ၈ နာရီကျော်တွင် အစ္စရေးကာကွယ်ရေးဝန်ကြီး Mr. Moshe Ya'alom က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည့် အခမ်းအနားကို အစ္စရေးကာကွယ်ရေး ဝန်ကြီးဌာန ၌တက်ရောက်သည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အစ္စရေးကာကွယ်ရေးဝန်ကြီးတို့သည် ဝန်ကြီး၏ ရုံးခန်း၌တွေ့ဆုံ ဆွေးနွေးကြရာ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်နိုင်ရေး၊ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာ အတွေ့အကြုံများကို အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ ဆွေးနွေးကြသည်။
ယခုခရီးစဉ်သည် နှစ်ပေါင်း ၆၀ အတွင်း တပ်မတော် အကြီးအကဲတစ်ဦး၏ ပထမဦးဆုံးခရီးစဉ်ဖြစ်ပြီး နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်ဆက်ဆံရေး ခြေလှမ်းသစ်ဖြစ်သည်။
Photo Credit Myawady
Ref; Myawady