၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားပုံရိပ်များ

ဇူလိုင်လ ၁၅ ရက်နေ့က ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပြင်သစ်နဲ့ ခရိုအေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာမှာ ပြင်သစ်အသင်းက ခရိုအေးရှားအသင်းကို ၄-၂ ဂိုးနဲ့ နိုင်ခဲ့ပြီး ရုရှားမြေမှာ ချန်ပီယံဆုဖလားကို ကိုင်မြောက်ခဲ့ပါတယ်။ ဒါကတော့ ပြင်သစ်အသင်းအတော့ နှစ်ပေါင်း (၂၀) အကြာမှာ ချန်ပီယံဆုကို ဒုတိယအကြိမ်မြောက် ပြန်လည်ဆွတ်ခူးနိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ (ဓာတ်ပုံ - အီးပီအေ)
ကမ္ဘာ့ဖလားဗိုလ်လုပွဲ ပွဲပြီးရလဒ်
ပြင်သစ် ၄-၂ ခရိုအေးရှား
မန်ဇူးကစ် (၁၈' og)၊ ဂရစ်ဇ်မန်း (၃၈')၊ ပေါ့လ်ဘာ (၅၉')၊ အမ်ဘတ်ပီ (၆၅') vs ပါရီဆစ် (၂၈')၊ မန်ဇူးကစ် (၆၉')
၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အကောင်းဆုံးဆုစာရင်း
ချန်ပီယံ - ပြင်သစ်
ဒုတိယ - ခရိုအေးရှား
တတိယ - ဘယ်လ်ဂျီယံ
ရွှေဘောလုံး - မိုဒရစ် (ခရိုအေးရှား)
ငွေဘောလုံး - ဟာဇက် (ဘယ်လ်ဂျီယံ)
ကြေးဘောလုံး - ဂရီးဇ်မန်း (ပြင်သစ်)
ရွှေဖိနပ် - ဟာရီကိန်း(အင်္ဂလန်) (၆)ဂိုး
ငွေဖိနပ် - ဂရီးဇ်မန်း(ပြင်သစ်) (၄)ဂိုး
ကြေးဖိနစ် - လူကာကူ(ဘယ်လ်ဂျီယံ) (၄)ဂိုး
ရွှေလက်အိတ် - ကော်တိုရစ် (ဘယ်လ်ဂျီယံ)
လူငယ်အကောင်းဆုံးဆု - အမ်ဘတ်ပီ (ပြင်သစ်)
အသန့်ရှင်းဆုံးအသင်းဆု - စပိန်