ထိုင်းဘုရင့်တပ်မတော်မှ ထုတ်ပြန်ခဲ့တဲ့ အသက်ရှင်လျက်ရှိတဲ့ ကလေးငယ်များပုံ

ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဆိုင်ခရိုင် မယ်ဆိုင်-ချင်းရိုင်လမ်းမှ တစ်ကီလိုမီတာခန့်အကွာ ပွန်ဖာအရပ်ရှိ သာလောင်ခွန်နမ်နန်းနွန် အမျိုးသားဥယျာဉ်မှာ တည်ရှိတဲ့ သမ်လောင်လှိုဏ်ဂူထဲ ပိတ်မိပျောက်ဆုံးနေခဲ့တဲ့ ကလေးငယ် ၁၂ ဦးပါ ဘောလုံးအသင်းနဲ့ နည်းပြဖြစ်သူအားလုံးကို အသက်ရှင်လျက် ပြန်လည် တွေ့ရှိချိန်မှာ ရိုက်ကူးထားတဲ့ ပုံတွေကို ဇူလိုင် ၃ ရက်နေ့က ထိုင်းဘုရင့်တပ်မတော်မှ ထုတ်ပြန်ခဲ့ပါတယ်။ (ဓာတ်ပုံ - အီးပီအေ/ထိုင်းဘုရင့်တပ်မတော်) ထိုင်းနိုိင်ငံမှ ပျောက်ဆုံး ကျောင်းသား ၁၂ ဦးနှင့် ဘောလုံးနည်းပြတစ်ဦးတို့ အားလုံးကို အသက်ရှင်လျက် ပြန်လည်တွေ့ရှိပြီဖြစ်ပါတယ်။ ၄င်းဂူထဲမှာ (၉)ရက်ကြာ ပိတ်မိနေပြီးနောက် ပြန်လည်တွေ့ရှိခဲ့ပြီ ဖြစ်ကြောင်း ချင်းရိုင် အုပ်ချုပ်ရေးမှူးက အတည်ပြုခဲ့ပါတယ်။ လိုဏ်ဂူအတွင်းရှိ ပတ္တယားကမ်းခြေလို့ အမည်ရတဲ့ နေရာအနီးမှာ ပျောက်ဆုံးကျောင်းသားများကို ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။